Monday, February 7, 2022

CryptoCurrencies သည် ဘာ.ကြောင်. ရေပန်းစားလာသလဲ?

 1.Decentralization လို့ခေါ်တဲ့ တစ်စုံတစ်ယောက်ရဲ့ ချုပ်ကိုင် လွှမ်းမိုးမှု မရှိခြင်း

လူတွေက နောက်ပိုင်းခေတ် အရမ်းတိုးတက်လာတဲ့ အချိန်မှာ ကိုယ့်ပိုင်ဆိုင်မှုကို ကြားလူတစ်ယောက်က ထိန်းချုပ်ထားတာမျိုး ကို မလိုချင်တော့ဘူး။ Cryptocurrency တွေကျတော့ ကြားထဲက တစ်ဦး တစ်ယောက်က ဝင်ပြီးထိန်းချုပ်ထားလို့မရဘူး။
 
ဥပမာပြောရရင် အမေရိကန်ဒေါ်လာကို အမေရိကန်အစိုးရက လို သလောက် ရိုက်ထုတ်ပိုင်ခွင့် ( Devaluate ) ရှိပေမယ့် Cryptocurrencies တွေကျတော့ ထုတ်လုပ်သူကိုယ်တိုင်တောင် Devaluate လုပ်ပိုင်ခွင့်မရှိ လုပ်လို့မရဘူး။  ပြီးတော့ နိုင်ငံပိုင် ငွေကြေးတွေမှာ Transactions တွေကို ဘဏ်တွေက ထိန်းချုပ်ထားတယ်။
 
ကျွန်တော်က အမေရိကန်က လူတစ်ယောက်ကို ဒေါ်လာတစ်သိန်း လွှဲတယ်ဆိုရင် ဘဏ်တွေက သိတယ် သူတို့ က တဆင့်ပဲ သွားလို့ရတယ် Private မဖြစ်ဘူး။ Cryto Currancies တွေမှာကျ Owner Information နဲ့ Transactions တွေအကုန်လုံးက Encrypt လုပ်ထားတယ်ဆိုတော့ ထုတ်လုပ်သူကိုယ်တိုင်တောင် သိခွင့်မရှိဘူး အရမ်း Private ဖြစ်တယ်။
 
ပြီးတော့ ကျွန်တော်တို့က ဗဟိုရ်ဘဏ်ရဲ့ Ledger ကို ကြည့်ပိုင်ခွင့် မရှိပေမယ့် CryptoCurrency တွေရဲ့ market Cap တွေ transaction တွေ ကို ကြတော့ လူတိုင်းကြည့်လို့ရတယ် ( transaction info တွေကိုတော့ ကြည့်လို့မရဘူး encrypted ဖြစ်တယ် ) transactions pathways တွေအကုန် Transparent ဖြစ်တယ်။
 
ပြောချင်တာက ဘယ်သူတစ်ဦးတစ်ယောက်ကမှ CryptoCurrency ကို ထိန်းချုပ်ထားတာမျိုးမရှိဘူး ဆိုတော့ ဒီဘက်ခေတ် လူတွေက အစိုးရ တွေ အပေါ် ယုံကြည်မှု နည်းလာတာရယ် တစ်ဖက်မှာ investing option တစ်ခုဖြစ်လာတဲ့ crypto coins တွေကို အရင်ကထက်ပိုပြီး စုဆောင်းကြတာကြောင့် crypto တွေရဲ့ အနာဂါတ်ဟာ ပိုတောက်ပ လာပါတယ် ။ Popular ဖြစ်လာလို့ demand များ demand များလို့ စျေးတက် စျေးတက်တော့ ပို popular ဖြစ်ပြီး demand ပိုများလာ တာလဲပါတယ်။
 
2. နောက်ထပ်တစ်ခုက အလွန်တွင်ကျယ်လာတဲ့ spending Coverage
အရင်က သုံးစရာနေရာ အင်မတန်းရှားပါးလွန်းတဲ့ crypto currency တွေဟာ အခုအခါ သုံးစွဲစရာ နေရာ တဖြည်းဖြည်းများလာပါပြီ Tesla ( ယခုတော့ ရပ်နားထား ) BMW တို့လို Giant companies တွေ သာမက Bernie Moreno တို့လို exotic car dealers တွေဟာ Bitcoin payment ကို လက်ခဲ့တာက အစပြုပြီး real estate တွေ Microsoft လို tech companies တွေ နောက်ဆုံး Star bucks က စ Bitcoin နဲ့ပေးချေမှုကို လက်ခံခဲ့ပါတယ်
အဲ့တော့ အရင်ကထက် သုံးစွဲမှုတွင်ကျယ်လာခြင်းဟာလဲ crypto တွေကို ပိုပြီး အားကောင်းလာစေပါတယ်။
 
3. နောက်အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့  application တစ်ခု ( Black market usage )
ခင်ဗျား ဘဏ်မှာ ဒေါ်လာတစ်သိန်း အပ်ထားရင် ဘဏ်က ခင်ဗျားရဲ့ ပိုင်ဆိုင်မှုကို သိတယ်။ ဒါပေမယ့် Bitcoin တစ်သိန်းဖိုးရှိရင် ခင်ဗျား ပြောမပြပဲ ဘယ်သူမှ မသိနိုင်ဘူး။ ပြီးတော့ ခင်ဗျား လူတစ်ယောက်ကို ဒေါ်လာ တစ်သန်း လာဘ်ထိုး မယ်ဆိုကြပါစို့ ဘဏ်ကနေ လွှဲရင် ဗဟိုဘဏ်က သိတယ် တစ်ချိန် မှာ ဒုက္ခရောက် နိုင် တယ်။
 
Bitcoin အနေနဲ့ transfer လုပ်ရင် owner ရော transaction တွေရော encrypt လုပ်ထားတဲ့အတွက် ဘယ်သူမှမသိနိုင်ပဲ အန္တရာယ်ကင်းတယ်။ အဲ့တော့ CryptoCurrency ကို black market မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ organ trafficking တွေ လာဘ်ပေး လာဘ်ယူ မှုတွေမှာလဲ အရမ်း သုံးလာကြတယ်။ 
 
နောက်အကြီးဆုံး market တစ်ခုဖြစ်တဲ့ လောင်းကစား လောကမှာလဲ စတင်သုံးစွဲလာတဲ့အတွက် demand က တစ်နှစ်ထက် တစ်နှစ်မြင့်လာပြီ။ အစိုးရတွေကိုယ်တိုင်ကိုက FIAT အစားထိုး ငွေကြေး အဖြစ် ပြောင်းလဲ လာမှာစိုးတဲ့အတွက် Crypto Currencies တွေကို Ban တာမျိုး ထိန်းချုပ်ဖို့ ကြိုးစားလာတယ် But they are still crushing the market ပါပဲ။
 
3. နောက်ဆုံးတစ်ချက်က ခုခေတ်ကလေးတွေရဲ့ အစိုးမရမှုပဲ
Generation Z and Generation Alpha
ရှိုးပွဲလက်မှတ် တစ်စောင်ကို ဒေါ်လာ ထောင်ဂဏန်းပေးရတာ မထူးဆန်း ပေမယ့် Online ပေါ်က Streamer တွေကို Star တွေ အကြီး အကျယ် Donate တာတွေ့တော့ 90’s born တစ်ယောက်အနေနဲ့ နဲနဲတော့ အံံ့ဩ မိတာအမှန်ပဲ သူတို့တွေ ကြီးပြင်းလာတဲ့ခေတ်မှာ Crypto လို Coin တွေ အင်မတန်အားကောင်းလာပြီး Universal Currency ဖြစ်လာမယ်ဆိုလဲ သိပ်တော့ အံ့အားသင့်စရာမရှိဘူးလို့ ထင်တယ်။
 
နိဂုံးချုပ်ရရင် ခင်ဗျားမှာ ပိုင်ဆိုင်မှု သိန်းတစ်ရာရှိလို့ သိန်းငါးဆယ်ကို Crypto Currency ဝယ်ထားမယ်ဆိုရင်တော့ ကျွန်တော်အား မပေးလိုပါဘူး ဒါပေမယ့် တစ်သိန်းဖိုးလောက်ကို ထီထိုး သလို ဝယ်ထား မယ် ဆိုရင်တော့ တစ်ချိန်မှာ ဘာဖြစ်မလဲ ဘယ်သူမှ မသိနိုင်ဘူး။

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...