Showing posts with label Blockchain. Show all posts
Showing posts with label Blockchain. Show all posts

Monday, February 7, 2022

Blockchain ဆိုတာဘာလဲ?

ထို Bitcoin digital code များကို လွှဲပြောင်းသိမ်းဆည်းပေးတာကတော့
Blockchain ဆိုတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။
 
Blockchain ဆိုတာဟာ ကျနော်တို့ mobile banking တွေရဲ့ ငွေလွှဲစာရင်း ပုံစံမျိုး ပါပဲ။မတူညီတာကတော့ သာမန် mobile ငွေလွှဲပြောင်းခြင်း တွေ ကို Bank တွေရဲ့ Data centerကနေ လိုသလိုထိန်းချုပ်နိုင်ပြီး ၀င်ရောက် ပြုပြင် ဖျက်ဆီးနိုင်ပါတယ်။
 
ဒီလို ထိန်းချုပ်လို့ရတဲ့ နည်းပညာကို centralized chain လို့ခေါ်ပါ တယ်။
user တွေရဲ့ ငွေပမာဏ ကိန်းဂဏန်းများရဲ့ data တွေကို မူလ server ထဲမှာပဲ သိမ်းဆည်းထားတာကြောင့် ဗဟိုထိန်းချုပ်မှု စနစ်လို့ခေါ်တာ ဖြစ်ပါ တယ်။
 
Blockchain ဆိုတာကတော့ data တွေကို ဗဟို server ထဲက database ထဲမှာသိမ်းထားတာမျိုး မဟုတ်ပဲ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာမှာ မဆို user တွေ ရဲ့ data တွေကို ဖြန့်ကြတ် သိမ်းဆည်း ထားတာဖြစ်လို့ ဘယ်သူ က မှ ထိန်းချုပ်လို့ မရပါဘူး။
 
user တစ်ယောက်ခြင်းကသာလျှင် မိမိ digital code တွေကို စီမံနိုင်ပြီး လိုသလို လွှဲပြောင်း ပေး နိုင် ၊ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ user တစ် ယောက် လွှဲပြောင်းခဲ့သော data ဟာ အင်တာနက်ပေါ်မှာ စာရင်း တစ်ခု အနေနဲ့ ပေါ်လာ ပါတယ် ။
 
ထို စာရင်းကို ledger သို့မဟုတ် block လို့ ခေါ်ဆိုပါတယ်။
ထိုကဲ့သို့ user များစွာရဲ့ data တွေကို စုပေါင်းသိမ်းဆည်း လိုက်တဲ့ အခါမှာ တော့ အားလုံးကို ဆက်လိုက်တဲ့ chain လိုဖြစ်ပြီး Blockchain လို့ခေါ်တာ ဖြစ်ပါ တယ်။ ထို လွှဲပြောင်းခဲ့တဲ့ စာရင်းဇယား block များကို လူတိုင်း ပွင့်လင်းမြင်သာစွာ ကြည့် ရှူ့နိုင်အောင် blockchain website မှာ ပြသ ပေးထား ပါတယ်။
ဘယ်နေ့ ဘယ်အချိန်မှာ ဘယ် ပမာဏ ကို လွှဲခဲ့လည်းဆိုတာ ကြည့်ရှု နိုင် ပါတယ်။

(Blockchain မှာ 2 ပိုင်း ရှိပါတယ်)
Block + chain (Block ဆိုတာ မှတ်တမ်းတစ်ခု ၊ chain ဆိုတာ ဆက်ပေး တာ)သာမန် server တွေမှာ ငွေလွှဲပြောင်းမှုတွေကိုအလွယ်တကူ ပြု ပြင်လို့ ရတယ်။ Blockchain နဲ့ ပြုလုပ်မယ်ဆိုရင်တော့ငွေလွှဲ အချက် အလက် တွေကို Block တစ်ခုစီမှာ ခွဲ သိမ်း ထားပြီး ထို block တွေကြား က ဆက်သွယ်မှုကို လျှို့ဝှက် သင်္ကေတ(Hash)နဲ့ ခံထားတယ်။
 
ထို Hash ဟာ ရှေ့ Block နောက် Block တွေ ကို ဆက်သွယ်ပေး တယ်။
တကယ်လို့ ထို Block တွေကြား အချက်အလတ်သစ်ထပ်ထည့် မယ် ဆိုရင် ထို Hash တွေရဲ့ဆက်သွယ်မှ ပျက်ဆီးပြီးBlockchain ရပ်တန့် သွားမယ်။ ဒါကြောင့် လုပ်ပြီးသား transaction ကို ပြုပြင်လို့ မရဘူး။ လုံခြုံတယ်။

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...