Monday, February 7, 2022

Cyrptocurrency ဖြစ်ပေါ်လာပုံ?

    တစ်ကယ်တော့ cytocurrency ရဲ့တီထွင်သူဟာ ဒီလိုငွေကြေးစနစ်တစ်ခု ဖန်တီးမယ်ဆိုပြီး တီထွင်ခဲ့တာမဟုတ်ပါဘူး။ Satoshi Nakamoto ဆိုတဲ့အမည်ဝှက်သုံးထားတဲ့ ပညာရှင်ဟာ (ပညာရှင်အဖွဲ့ လည်း ဖြစ်နိုင် ပါတယ်) အီလက်ထရောနစ်နည်းနဲ့ တစ်ဦးကနေတစ်ဦး တိုက်ရိုက် ငွေလွှဲလို့ရတဲ့ စနစ် (Peer-to-Peer Electronic Cash System) ကို ဖန်တီးနေခဲ့တာပါ။ အဲ့ဒီအချိန်က ဒီဂျစ်တယ်ပိုက်ဆံနည်းပညာတွေ ဘယ်သူမှမလုပ်နိုင်ကြသေးပါဘူး။ အားလုံးက ဆာဗာကနေ ငွေလွှဲ တာတွေကို ထိန်းချုပ်တဲ့ centralized နည်းနဲ့ ကြိုးစားနေကြတာပါ။ 

Centralized နည်းတွေ မအောင်မြင်တဲ့ နောက်ပိုင်းမှာ Satoshi Nakamoto ဟာ decentralized နည်းနဲ့ စမ်းသပ်ခဲ့ပါတယ်။ ကွန်ပျူတာနှစ်လုံး တိုက်ရိုက်ချိတ်ဆက်ပြီး ဖိုင်ကူးသလို (peer-to-peer network file sharing) ငွေတိုက်ရိုက် ပို့နိုင်မဲ့နည်းပါ။ သူလုပ်နေတဲ့ စနစ်မှာ တိုက်ရိုက် ငွေလွှဲမှာ ဖြစ်တဲ့အတွက် ဆာဗာတွေ၊ ဗဟိုကနေ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်း တွေ မပါဝင်ဘဲ ငွေလွှဲနိုင်မဲ့ (decentralized) စနစ်ကို Satoshi Nakamoto အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။
 

ဒီအောင်မြင်မှုဟာ cryptocurrency တွေမွေးဖွားလာဖို့ အခြေခံပါပဲ။ ပုံမှန် ဒီဂျစ်တယ်ပိုက်ဆံစံနစ်မှာ ငွေလွှဲပြီဆိုရင် ဆာဗာမှာသွားပြီး လွှဲသူရဲ့ အကောင့်ထဲက ငွေကို လျှော့ရပါတယ်။ ပြီးရင် တစ်ခြားတစ်ဘက်မှာ သွားပေါင်းပေးပြီး ဖြစ်လာတဲ့ transaction တွေ၊ balance တွေအကုန် လုံးကို server မှာပဲ သိမ်းထားရပြန်ပါတယ်။ တစ်ခါတစ်ရံ ပိုက်ဆံ နှစ်ခါဖြတ်တာ လိုမျိုး အမှားတွေ ကြုံနိုင်ပါသေးတယ်။ 

Decentralized network မှာတော့ ပေးပို့သူရော၊ ရရှိသူပါ transaction data တွေကို သိမ်းထားရပါတယ်။ မှန်မမှန် နှစ်ဘက်တိုက်ဆိုင်စစ်ဆေးရပါတယ်။ အဲဒီအခါမှာ တစ်ဘက်ဘက်မှာ မှားယွင်းနေပြီဆိုရင်တော့ ပြဿနာကြီးပါပြီ။ မှန်ကန်မှုအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ။ အဲဒီအချိန်တုန်းက ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြပါဘူး။ ဒါပေမဲ့ Satoshi Nakamoto က ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အဖြေကတော့ cryptocurrency တွေပါပဲ။

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...