Tuesday, February 22, 2022

Tesla ကုမ္ပဏီ ဈေးကွက် Bitcoin အခြေအနေ

  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းမှာ Bitcoin ဈေး ဒေါ်လာ ၆၈၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ရာကနေ အခုချိန်မှာတော့ ဒေါ်လာ ၄၃၀၀၀ အောက်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ Tesla ဟာ အစောပိုင်းက Bitcoin ကို ငွေပေးချေမှုပုံစံတစ်ခုအနေနဲ့ လက်ခံ ခဲ့ရာကနေ မေလထဲမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှု တွေကြောင့် ရပ်ဆိုင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

 

Tesla ဟာ Bitcoin ကို ကုမ္ပဏီဈေးကွက်အခြေအနေကို ဖော်ပြနိုင်တဲ့ Mark-to-market ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်မထားတာကြောင့် ငွေကြေး အရောင်းအဝယ် ဖြစ်မှသာ ဝင်ငွေပေါ် သက်ရောက်မှုရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Bitcoin တွေ ဝယ်ထားပေမယ့် ထုတ်မရောင်းမချင်း အရှုံး အမြတ် ဝင်ငွေရလဒ်ပေါ် သက်ရောက်မှု မရှိဘူးလို့ ဆိုရမှာပါ။ (CNBC)

image

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...