Monday, February 7, 2022

Cryptocurrency ကို တရား၀င်စေသည်. နည်းလမ်း?

 Cryptocurrency ကို တရား၀င်စေသောနည်းလမ်းများ
▄▄▄▄▄▄ ▄▄▄▄▄▄▄ ▄▄▄▄▄▄ ▄▄▄▄▄ ▄▄▄▄
နိုင်ငံ တစ်ခုနဲ့ တစ်ခု bitcoin အပေါ် သဘောထားမတူကြသလို ထို သဘော ဟာအချိန်တိုင်း ပြောင်းလဲနေပါတယ်။ ဗဟိုဘဏ် အချို ရဲ့ cryptocurrency အပေါ် အမြင်ဟာ နိုင်ငံခြား သုံးငွေ ဆိုတဲ့ အမြင် ရှိနေပါတယ်။ ဒီလို ဆို ရင် နိုင်ငံခြားသုံးငွေ ဆိုင်ရာ ဥပဒေနဲ့ အဆင်မပြေ နိုင်ပါဘူး။ Cryptocurrency ကို လက်ခံလာတဲ့ နိုင်ငံကြီးတွေ ကတော့ crypto ကို နိုင်ငံခြားသုံးငွေလို့ မမြင်ပါဘူး။
 
2 မျိုး ခွဲခြားထားတာတွေ့ရပါတယ်။
1- Digital medium exchange အနေနဲ့မြင်တယ်(amazon စျေး၀ယ် codeလို)
2- Digital asset အနေနဲ့မြင်တယ်(အိမ်ခြံမြေ လို asset)
US လို နိုင်ငံကြီးတွေက Digital medium exchange အနေ နဲ့ရော crypto asset အနေနဲ့ရော လက်ခံကြပါတယ်။ တချို့နိုင်ငံတွေကတော့ commodity (asset)ထဲ သတ်မှတ် ပြီး regulate လုပ်ကြတယ်။Commodity ဆိုတာ Stock exchange ခေါင်းစဉ်အောက်က အစုရှယ်ရာ၊ ရွှေ ၊ ဒေါ်လာ ၊ ရေနံ စတာတွေဖြစ်ပါတယ်။ Crypto currency ကို Digital asset လို့ သတ်မှတ်ပြီး ခွင့်ပြု လိုက်တာ ဖြစ်ပါ တယ်။ စင်္ကာပူ မှာ ဆိုရင် Bitcoin အတွက် အလွယ်တကူ ငွေလဲနိုင် အောင် Bitcoin ATM 25 ခု လုပ်ပေးထားတယ်။ Exchanger တွေကို အခွန် ကောက် ယူ ကြပါတယ်။
 
ထို Exchanger တွေဟာ local bank တွေနဲ့ ချိတ်ဆတ်မှု ရှိရ ပါတယ်။
ယေဘူယျအားဖြင့် local bank တွေ နိုင်ငံတကာ အဆင့်မှီ ၀န်ဆောင်မှု တွေ ရှိလာနိုင်မှ local crypto exchange တွေ တိုးတက်လာတာ တွေ့ရပါတယ်။ Cryptocurrency ဆိုတဲ့ အမည်ကြောင့် currency အဖြစ် ရောထွေးမှုမဖြစ် အောင် Digital asset လို့သာ သုံးနှုန်းကြတာ ကို တွေ့ရပါတယ်။

 

Cryptocurrency ကိုထိန်းချုပ်ခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Cryptocurrency ကို ထိန်းချုပ်ဖို့ စဉ်းစားရင် အားသာချက်တွေ ကို ရနိုင်တဲ့ နည်းလမ်းဘက်ကို ပညာပိုပေးပြီး အားနည်းချက် တွေဘက်ကို တော့ ထိန်းချုပ် ရမှာဖြစ်ပါတယ်။ Cryptocurrency ကို နိုင်ငံခြား သုံးငွေ ဆိုတာထက် Digital asset အနေနဲ့သာ သုံးသပ် ဆုံးဖြတ်ရတာ ပို အမြင် ရှင်းပါ လိမ့််မယ်။
 
Local exchanger များကို စနစ်တကျ မှတ်ပုံတင်စေပြီး local exchanger website တွေမှာ မှတ်ပုံတင်လာမယ့် user များရဲ့ KYC ကို မဖြစ်မနေ တောင်း ခံရမှာဖြစ်ပါတယ်။ တစ်ယောက်ခြင်းစီရဲ့ ၀ယ်ယူတဲ့ပမာဏ ရောင်းချတဲ့ ပမာဏ မှတ်တမ်းတွေ ရှိမှ သာလျှင် လိုအပ်ပါက တိုက်ဆိုင် စစ်ဆေးနိုင် မှာဖြစ်ပါတယ်။
 
Exchanger များစီမှအခွန် ကောက်ယူ ရ မှာ ဖြစ်ပါတယ်။
Exchanger တိုင်းမှာ user တွေ သိရမယ့် risk warning တွေကို ရှင်းလင်း စွာ ပြသထားရမှာဖြစ်ပါတယ်။ သတ်ဆိုင်ရာဗဟိုဘဏ် အနေနဲ့ မိမိ ခွင့်ပြုနိုင်တဲ့cryptocurrency ပုံစံကို ကြေငြာပေးရမှာ ဖြစ်ပါတယ်။ Digital asset အနေနဲ့သာ ခွင့်ပြုနိုင်မယ် ဆိုရင် payment အနေ နဲ့ တားမြစ် ရမှာ ဖြစ်ပါတယ်။
 
Cryptocurrency ကြောင့် ဖြစ်နိုင်တဲ့ငွေမဲခဝါချမှုကို ထိန်းချုပ်ခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Cryptocurrency ကြောင့် ဖြစ်လာနိုင်တဲ့ transaction တွေမှာ ပြည်ပသို့ အထွက် ပြည်ပမှ အ၀င် ၂ မျိုးသာရှိပါတယ်။ အ၀င်ရောအထွက်ရော Local exchanger စီမှာ ငွေသားပြောင်း လဲမှု မဖြစ်မနေလုပ်ရမှာ ဖြစ်ပါ တယ်။
 
ပြည်တွင်းမှာ bitcoin payment လက်ခံခြင်းမရှိတာဟာ local ငွေကြေးကို မဖြစ်မနေလိုအပ်မှာ ဖြစ်လို့ ပြည်ပကို ပို့လျှင် local exchanger ထံမှာ Bitcoin ကို ၀ယ်ယူဖို့လိုပြီး ပြည်ပမှ ၀င်လာ လျှင်လည်း local exchanger ထံမှာ ငွေသားလဲယူရမည်ဖြစ်ပါ တယ်။ ဒါကြောင့် KYC စနစ်ရှိသော Local exchanger များရှိနေဖို့ အရေးကြီးတာဖြစ်ပါတယ်။ (Crd: Fb )


No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...