Wednesday, February 23, 2022

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

 Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို ပြင်သစ်တရားရုံးမှ ထောင်ဒဏ်နဲ့ငွေဒဏ်များ ချမှတ်ခဲ့ပါတယ်။

 image

ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ BTC-e ငွေလွှဲဝန်ဆောင်မှုပိုင်ရှင် ရုရှား နိုင်ငံသား အလက်ဇန်ဒါး ဗင်းနစ်ခ်ကို ပြင်သစ်နိုင်ငံ ပဲရစ်တရားရုံးက ထောင် ၅ နှစ်ချခဲ့တာ ဖြစ်တယ်လို့ Engadget သတင်းက ဆိုပါတယ်။ ငွေကြေး ခဝါချမှုမှာ အပြစ်ရှိကြောင်း ထင်ရှားတဲ့အတွက် ငွေဒဏ် အနေ နဲ့လည်း ယူရို ၁ သိန်း (ဒေါ်လာ ၁၂၁၀၀၀) ပေးဆောင်ဖို့ အမိန့်ချ ခဲ့တာပါ။

 ဗင်းနစ်ခ်ကို အမေရိကန်တရားရေးဌာနရဲ့ နိုင်ငံတကာဖမ်းဝါရမ်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဂရိမှာ ဖမ်းဆီး ခဲ့တာပါ။ ဒီနှစ်ဆန်းပိုင်းမှာ ပြင်သစ်ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဗင်းနစ်ခ်ဟာ ဆိုက်ဘာ တိုက်ခိုက်မှု တွေကနေ ခိုးလို့ရလာတဲ့ ငွေတွေကို ခဝါချဖို့ BTC-e ကို အသုံးချ ခဲ့တယ်လို့ တရားရေးဌာနက စွပ်စွဲထားပါတယ်။

လုံခြုံရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Wizsec ရဲ့ အဆိုအရ ဗင်းနစ်ခ်ရဲ့ ကိုယ်ပိုင် BTC-e အကောင့်တွေဟာ ဒေဝါလီခံသွားတဲ့ ဂျပန်အခြေစိုက် Mt.Gox ဆီက ခိုးထားတဲ့ ရံပုံငွေတွေနဲ့ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။ Mt.Gox ဆီမှာ အပ်ထားတဲ့ ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins တွေဟာ ၂၀၁၄ ခုနှစ်မှာ ခိုးယူ ခံရ တာကြောင့် ပျောက်ဆုံးခဲ့တာပါ။ 

၂၀၁၁ ခုနှစ် BTC-e တည်ထောင်ချိန်က စပြီး ဒေါ်လာ ၄ ဘီလျံအထိ ခဝါချ ခဲ့ခြင်းအတွက် ဗင်နစ်ခ်ကို အမေရိကန်တရားရေးဌာနက အမှု ပေါင်း ၁၇ ခုနဲ့ တရားစွဲထားပါတယ်။ ပြင်သစ် အာဏာ ပိုင်တွေ ကတော့ ဗင်းနစ်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၈ အကြား ဖြစ်ပွား ခဲ့တဲ့ပြင်သစ် စီးပွားရေးလုပ်ငန်းနဲ့ အဖွဲ့အစည်း တွေကို တိုက်ခိုက် သွားခဲ့တဲ့ Locky Ransomware ကို ဖန်တီးခဲ့သူလို့ ယုံကြည်နေပါတယ်။

 အီးမေးလ်ကနေ ဖြန့်ဖြူးခဲ့တဲ့ Locky Ransomware ရဲ့ ငွေညှစ်မှုကို ပြင်သစ်နိုင်ငံအတွင်းက လုပ်ငန်းနဲ့ အဖွဲ့အစည်း အနည်းဆုံး ၂၀ က Bitcoin ကနေ ပြန်ပေးဆွဲငွေ ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ဗင်းနစ်ခ် ကတော့ သူဟာ BTC-e ဒါရိုက်တာတွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရတဲ့ နည်းပညာ အော်ပရေတာ တစ်ယောက်လောက်ပဲ ဖြစ်တယ် လို့ တရားရုံးမှာ ခုခံခဲ့ပါတယ်။

ပြင်သစ်တရားရေးဌာနအနေနဲ့ဗင်းနစ်ပေါ် စွပ်စွဲထားတဲ့ အမှုပေါင်း ၁၄ ခုထဲက တစ်ခုပဲ သက်သေပြ နိုင်ခဲ့တယ်လို့ ZDNet က ဖော်ပြ ထားပါတယ်။ ဒီအမှုဟာ Locky နဲ့ မဆိုင်ဘူးလို့လည်း ဆိုပါတယ်။ တစ်နည်း အားဖြင့် သူဟာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ယူရို ၇ သိန်းခွဲ ပေးဆောင် ရမယ့်အချက်ကို ရှောင်လွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ (ဓူဝံ)

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...