(Mining လုပ်ချင်တဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ Mine လုပ်မယ်ဆိုရင်
ကိုယ့်တိုင်းပြည်ထဲမှာ လုပ်တာတွေက တရားဝင်လား။ Mining ဒါမှမဟုတ် Legalize
လုပ်လို့ရလား။ Mining အပေါ်မှာကော ရလာတဲ့ Currency နဲ့
သူ့ရဲ့အကျိုးအမြတ်ကိုကော ဘယ်လိုအသိအမှတ်ပြုလဲ? )
ဦးမင်းမြတ်စိုး : ဒီမှာတော့ Mining က ရတဲ့ ပိုက်ဆံဆိုရင်တော့ အခွန်ပဲ ရှိမယ်။ အခွန်အနေနဲ့ Bitcoin ပေါ်မှာ Tax လုပ်တာတော့ မရှိသေးဘူး ထင်တယ်။
Mining လုပ်မယ်ဆိုရင် တစ်ယောက်ချင်းစီက သူ့ရဲ့ Computer တွေရဲ့ Processing
Power တွေကို Contribute လုပ်ပြီး လုပ်လို့ရသလို Dedicating Mining Redge
တွေ ဝယ်ပြီးတော့လည်း လုပ်လို့ရတယ်။ အဲဒီတော့ Mining လုပ်ရင်းရလာတဲ့ Bitcoin
တွေ သိမ်းဖို့အတွက် သူ့မှာ Wallet တစ်ခုရှိရမယ်။
Mining လုပ်ရင်းနဲ့
အောင်မြင်လာပြီဆိုရင် Puzzle Solve လုပ်လို့ ပြီးသွားရင်ရလာတဲ့ Reward
တွေကို Wallet ထဲကို ထည့်သိမ်းမယ်။ Wallet ထဲထည့်ထားတဲ့ Bitcoin က
ကိုယ့်လက်ထဲရောက်လာပြီ။ အခု လောလောဆယ် မြန်မာပြည်ရဲ့အနေအထားအရတော့ Declare
လုပ်စရာ မလိုသေးဘူးထင်ပါတယ်။
ဦးကောင်းစစ် :
Mining မှာက By-Product ရှိပါတယ်။ Heat ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ Cooling လုပ်ရပါတယ်။ Russia တို့၊ Syberia
တို့မှာဆိုရင်တော့ Mining လုပ်လို့ထွက်လာတဲ့ Heat ကအသုံးဝင်ပါတယ်။
ခရမ်းချဉ်သီးစိုက်တဲ့နေရာမှာ သုံးကြပါတယ်။ Energy ပေါတဲ့နေရာ ၊
အေးတဲ့နေရာမှာသွားပြီး Mining လုပ်မယ်ဆိုရင် တော့ ကိုက်မယ်ထင်ပါတယ်။
နောက်တစ်ခုကတော့ Mining ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Mining ကို Currency
တစ်ခုအနေနဲ့ ယူဆရင်တော့ Tax ပေးရမှာ ဖြစ်ပါတယ်။ အစိုးရက
မသတ်မှတ်သေးဘူးဆိုရင်တော့ Tax ပေးစရာ မလိုပါဘူး။ ဥပမာနှစ်ခုရှိပါတယ်။
တစ်ခုက အမေရိကန်မှာဆိုရင် Bitcoin ကို Commodity တစ်ခုအနေနဲ့
သတ်မှတ်ထား ပါတယ်။ ကျန်တော်က အလုပ်လုပ်လို့ လခကို Bitcoin အနေနဲ့ရရင် Tax
ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ဒါကို ရောင်းတဲ့အခါမှာ ဝင်ငွေဖြစ်တဲ့အတွက်တော့
Tax ပေးရပါတယ်။
ဂျပန်မှာကတော့ Bitcoin ကို Currency အနေနဲ့
သတ်မှတ် လိုက်တာကြောင့် Tax ပေးရပါတယ်။ တချို့ Hedge Fund တွေရဲ့ Mendate က
ကမ္ဘာမှာ Major Currency အကုန်လုံးကို ဝယ်ရမယ် ဆိုတာရှိတယ်။ အဲဒီအတွက်
ဂျပန်က Currency သတ်မှတ်လိုက် တာကြောင့် အကုန်လုံး Bitcoin ကို ဝယ်ရပါတယ်။
လောလောဆယ် မှာတော့ မြန်မာနိုင်ငံက Tax ပေးရမပေးရတော့ မသိသေးပါဘူး။
ဦးမင်းဝင့်ဦး :
Bitcoin ကို Currency တစ်ခုအနေနဲ့ သတ်မှတ်လိုက်ပြီ၊ Official
ဖြစ်သွားပြီဆိုရင် ဒါနဲ့ပတ်သက်တဲ့ Trading တွေ ပါလာပြီ။
အရောင်းအဝယ်ကိစ္စတွေ ပါလာတဲ့အခါမှာ Business ကြီးတစ်ခုဖြစ်လာတယ်။
ဖြစ်လာတဲ့အခါကျတော့ ဒီလိုမျိုးလုပ်နေတဲ့ နိုင်ငံတွေမှာ တချို့အသိအမှတ်ပြုတဲ့
နိုင်ငံရှိသလို တချို့အသိအမှတ် မပြုတဲ့ နိုင်ငံတွေလည်း အများကြီးပါပဲ။
အဲဒီအခါကျတော့ အသိအမှတ်ပြုတဲ့နိုင်ငံတွေအနေနဲ့ ဒါကို Official
လုပ်လို့ရပေမယ့် Bitcoin ကို အသိအမှတ်မပြုဘူး။ တရားမဝင်ငွေကြေး အနေနဲ့ပဲ
သတ်မှတ်ထားတဲ့အခါမှာ Illegal သဘောမျိုး ဖြစ်သွားတယ်။ Illegal သဘောမျိုး
ဖြစ်သွားလို့ရှိရင် အဲဒီမှာ ရောင်းဝယ်ဖောက်ကား နေတဲ့ သူတွေ၊ Illegal ကို
ကစားနေတဲ့သူတွေ၊ Bitcoin Mine လုပ်နေတဲ့သူတွေကို Legally
ဘယ်လိုအသိအမှတ်ပြုမလဲ။ အဲဒီလိုမျိုး ရောင်းတဲ့နေရာမှာရော
ဘယ်လောက်ထိ အောင်မြင်နေလဲဆိုတာကို ကျွန်တော် ကိုယ်တိုင်လည်း သိချင်တယ်။
ဦးကောင်းစစ် :
ကျွန်တော်သိသလောက်က ASEAN မှာဆိုရင် ဗီယက်နမ်က Bitcoin ကို Legal
မဖြစ်ဘူးလို့ သတ်မှတ်ထားပါတယ်။ Bitcoin Exchange လုပ်တဲ့သူတွေ ဆိုရင်
Illegal Business တစ်ခု ဖြစ်သွားပြီး ကိုင်ထားတဲ့လူတွေဆိုရင်လည်း Illegal
Currency တစ်ခု ဖြစ်နေတဲ့အတွက် တရားမဝင် ကိုင်ဆောင်ထားတယ်လို့
သတ်မှတ် ကြပါတယ်။
တကယ်ဖြစ်နေတာက လိုချင်ရင် လူကိုယ်တိုင်လာဝယ်ပြီး
လာရောင်း ကြတဲ့ သူတွေရှိပါတယ်။ အင်ဒိုနီးရှားလည်း ဒီ Regulation တွေစပြီး
ရှိနေပြီ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ ကြည့်နေကြတုန်းပဲ ဖြစ်ပါတယ်။
Bitcoin ဆိုတာလည်း သစ်နေသေးတဲ့အတွက် ဘယ်လို Implication တွေရှိနိုင်မလဲ
စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဦးမင်းမြတ်စိုး :
Bitcoin က ပုံမှန်အားဖြင့် နှစ်မျိုးသုံးကြတယ်။ ပထမတစ်နည်းက Payment
System တစ်ခုအနေနဲ့ သုံးတယ်။ နောက်တစ်နည်းက Bitcoin ကို Asset လို့
ယူဆပြီးတော့ Investment တစ်ခုအနေနဲ့ သုံးတယ်။ Payment တစ်ခုအနေနဲ့
သုံးတယ်ဆိုရင်တော့ ဥပမာ- Bitcoin နဲ့လက်ခံတဲ့ Service တစ်ခုကို Bitcoin
ရှိတဲ့သူ တစ်ယောက်က သွားပြီးတော့ ပေးလိုက်တယ်။
ပေးလိုက် ရင် သူလိုချင်တဲ့
Service ရတယ်။ နောက်တစ်ခုကကျတော့ Bitcoin ကို စုထားတယ်။ စုထားပြီးတော့
နိစ္စဓူဝ အမေရိကန်ဒေါ်လာနဲ့ Exchange လုပ်နေတဲ့သူတွေရှိသလို၊ Hedge
လုပ်ပြီးတော့ သိမ်းထားတဲ့ သူတွေလည်း ရှိတယ်။
မြန်မာပြည်အနေနဲ့ကျတော့
ဘယ်လိုနည်းနဲ့သုံးမလဲဆိုရင် အစိုးရက ဘယ်လောက်အထိ ပေးလုပ်မလဲအပေါ်
မူတည်ပါတယ်။ စင်ကာပူအစိုးရ ဆိုရင် ဖေဖော်ဝါရီလလောက်က Cryptocurrency တွေ
Exchange ကို Ban ဖို့ ဆိုပြီး Proposal တစ်ခုလာတယ်။ လာတဲ့အချိန်မှာ
သူတို့ ဘက်ကမ Ban သေးဘူးဆိုပြီးတော့ ပြောတယ်။ စောင့်ကြည့်ဦးမှာပဲပေါ့။
အဓိကကတော့ Bitcoin ရဲ့ Underlying Technology ဖြစ်တဲ့ Blockchain
ကိုသုံးဖို့ သူတို့က ဆက်ပြီးတော့ အားပေးတယ်။ အဓိက Blockchain ရဲ့
အားသာချက်က ကြားထဲမှာရှိတဲ့ Record တွေကို ပြင်လို့မရဘူး။ အားလုံးက Public
ဖြစ်ပြီးတော့ ပြင်လို့မရဘူး။ အစိုးရအနေနဲ့လည်း အဲဒီနည်းပညာကို ဆက်ပြီးတော့
သုံးစေချင်တယ်လို့ ပြောတယ်။