Showing posts with label Q & A. Show all posts
Showing posts with label Q & A. Show all posts

Monday, February 7, 2022

Cryptocurrency တွေကို ဝယ်လို့ရတဲ့ Centre တရားဝင် ဖွင့်ထားတာလား?

 Cryptocurrency တွေကို ဝယ်လို့ရတဲ့ Centre တွေက တရားဝင် ဖွင့်ထားတာလား။ သူတို့ရဲ့အနာဂတ်တွေက ဘယ်လိုရှိလဲ?


ဦးကောင်းစစ် : ကျွန်တော်တွေ့ဖူးသလောက် စင်ကာပူမှာ Cryptocurrency ဝယ်လို့ရတဲ့ Exchange တွေရှိပါတယ်။ တရားဝင်လိုင်စင်ယူပြီး တရားဝင်ဖွင့်ထားတာတွေ ဖြစ်ပါတယ်။ လောလောဆယ် ကျွန်တော်တို့ မြင်နေတာက အစိုးရက Ban ထားတာမဟုတ်ဘူး။ လုပ်လို့ရတယ်၊ လုပ်ခွင့်ရှိတယ်။ 

ဒါပေမယ့် ဘဏ်တွေက ဒီ Activity တွေကို မြင်တာက Money Laundering တို့၊ Terrorism Financing တို့ အဲဒါမျိုးတွေအတွက် Risk အများကြီးရှိတယ်လို့ မြင်ကြပါတယ်။ အစိုးရရဲ့ Directive တော့ မရှိသေးပေမယ့် ဘဏ်တွေကတော့ ဒါတွေက တအား Risky ဖြစ်တာကြောင့် ဒီလိုလုပ်တဲ့သူတွေကို Risky မလုပ်ဘူး။ အဲဒီ Trend ကို မြင်လာကြပါတယ်။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကအထိတော့ အဆင်ပြေသေးပေမယ့် လွန်ခဲ့တဲ့တစ်နှစ် နှစ်နှစ်လောက်ကမှ Bitcoin Exchange Account တွေကို ဘဏ်တွေကနေလိုက်ပိတ်တာတွေ ရှိပါတယ်။ 

Bitcoin Exchange ရဲ့ CEO တွေရဲ့ Personal Account တွေအထိပါ လိုက်ပိတ် ထားတာမျိုးလည်း ကြားဖူးပါတယ်။ ဒါတွေကိုတော့ Derisking လုပ်တယ်လို့ ခေါ်ပါတယ်။ အစိုးရအနေနဲ့ကတော့ တွေ့ရ သလောက် စောင့်ကြည့်နေတုန်းပဲ ရှိပါသေးတယ်။

ဦးမင်းဝင့်ဦ း Derisking ကိုကောင်းစစ်ပြောတဲ့အထဲမှာ ကျွန်တော် တို့က ဘာတွေတွေ့လဲဆိုတော့ လတ်တလောမှာ Cryptocurrency တွေ Bitcoin လိုဟာမျိုးကို အသုံးချပြီးလုပ်တဲ့ တခြား Issue တွေက များတယ်။ ဥပမာ- ဂျပန်စာမေးပွဲတွေ။ ဂျပန်စာမေးပွဲ တွေဆိုရင် သူ Ransom လုပ်တဲ့ Currency ကိုက Bitcoin နဲ့ပဲ လက်ခံ တယ်။ 

ဘဏ်တွေနဲ့ Digital Currency တွေနဲ့မတူတဲ့အချက်က ဒီ Transaction ရဲ့ Source ကို ဘယ်သူစလုပ်တာလဲ၊ ဘယ်ကစလုပ်တာလဲ၊ ဘာအတွက်လုပ်တာလဲ ဒါတွေကို Risk အရရော၊ Antimoney Laundering အရရော ဒါတွေအကုန်လုံးကြည့်ရတယ်။ ကျွန်တော်က Cash Amount တစ်ခုကို တခြားတစ်ယောက်ကို Transfer လွှဲပေးတယ်ဆိုရင် ကျွန်တော် လွှဲပေးမယ်၊ သူရမယ်၊ Amount ဘယ်လောက်၊ ဘာကြောင့်လွှဲ ပေးတယ်ဆိုတာ ကျွန်တော်တို့မှာရှိတယ်။ ဒါပေမဲ့ Bitcoin လိုဟာမျိုး ကတော့ ဒီလိုမသိနိုင်ဘူး။ ကျွန်တော်တို့ ပြောတာတော့ KYC – Know Your Customer လို့ပြောတယ်။ ဘယ်ကနေ ဘယ်ကို လွှဲတယ် ဆိုတာတော့ သိတယ်။ 

ဒါပေမဲ့ ဘယ်သူဆိုတာကို မသိနိုင်တာ။ ကျွန်တော်တို့ ဘဏ်တွေ အနေနဲ့ပဲ ဖြစ်ဖြစ်၊ တခြား Currency Control လုပ်တဲ့ Central Bank တွေပဲဖြစ်ဖြစ် Source ကို သိတယ်ဆိုတာ KYC Process ရှိလို့။ ဘယ်သူလဲ၊ ဘယ်ဝါလဲ၊ ဘာအတွက်လဲ၊ ဘာကြောင့်လဲဆိုတာတွေ အားလုံးရတဲ့အခါမှာ တခြား Issue တစ်ခုခုဖြစ်တယ်၊ မသမာမှုတွေ ဖြစ်တယ်ဆိုရင် ဒါကိုဖြေရှင်းတဲ့ နည်းတွေ ရှိတယ်။ Bitcoin မှာ အဲဒီပြဿနာရှိသွားတယ်။

Amount တစ်ခုကို ပေးလိုက်ရတယ်ဆိုရင် ဘယ်သူ့ကိုပေးလိုက်ရလဲ၊ ဘယ်ကနေလိုက်လို့ရလဲမသိနိုင်ဘူး။ အပြင်မှာ ဘဏ်ကို ပြန်ပေးဆွဲ တာတွေ၊ ဓားပြတိုက်တာတွေဆိုရင် ဒီ Cash က ဘယ်ရောက် သွားလဲက အစ Trace လိုက်လို့ရတယ်။ 

အဲဒီအပေါ်မှာ လိုက်ပြီးတော့  အမှုတွေတစ်ခုခုဖြစ်ရင် ပြန်ဖော် ထုတ်လို့ရတယ်။ ဒီမှာကျတော့ Cryptocurrency ဖြစ်သွားတဲ့ အခါမှာ လုံးဝပျောက်သွားတယ်၊ မသိနိုင်ဘူး။ ဒါကိုစိုးရိမ်ကြတယ်။ ဒါကို ကြောက်တဲ့ အတွက်လည်း ဒီဘက်ကို သွားရင်တော့ ဒါမျိုးတွေကို အားပေးသလိုဖြစ်နေပြီဆိုပြီး အဖွဲ့အစည်း တော်တော်များများက မလုပ် ကြတာမျိုး ဖြစ်မယ်လို့ ကျန်တော်မြင်ပါတယ်။

ဦးကောင်းစစ် : Bitcoin က ဘယ်ကနေ ဘယ်လောက်လွှဲတယ်ဆိုတဲ့ Address တွေကို Public Record လုပ်တဲ့အတွက် သိတော့သိတယ်။ ဒါပေမဲ့ Personal Information တွေကို ချိတ်လို့မရဘူး။ ကောင်းတာ လေးတစ်ခုကတော့ နောက်ပိုင်းအစိုးရတွေရဲ့ Technology ကလည်း လိုက်ပြီးတော့ Catch Up လုပ်လာတဲ့အတွက် Bitcoin ဆိုရင်လည်း ဥပမာ- ကျွန်တော့်မှာ Address တစ်ခုရှိတယ်။ သူများ  တွေကို ကျွန်တော့်မှာရှိတယ်လို့တော့ မပြောထားဘူး။ 

ဒါပေမဲ့ အစိုးရ Agency တွေက ဒီ Address ဟာ ဘယ်သူ့ဟာ ဖြစ်နိုင်လဲဆိုတာကို မှန်းလို့ရတဲ့ Technology တွေ ရှိလာပြီ ဖြစ်ပါတယ်။ System ထဲကနေ အဝင်အထွက်ကို ကြည့်ပြီး Behavior တွေကိုလည်း မှန်းလို့ရနိုင်တဲ့ Technology တွေရှိတဲ့အတွက် Risk ကတော့ တဖြည်းဖြည်း လျော့လာတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဦးမင်းမြတ်စိုး : Bitcoin တွေကို ဝယ်တဲ့အခါမှာ Coinbase တို့လို  Exchange သွားဝယ်တယ်။ Bitcoin ဝယ်ချင်ရင် သူတို့ကို ပိုက်ဆံပေးရတော့မယ်။ Cash ကို ဘယ်ကပေးရသလဲဆိုရင် Online Website ဖြစ်တဲ့အတွက် Credit Card ကနေ ပေးရတယ်။ စင်ကာပူ မှာဆိုရင် ဘဏ်ကနေ Transfer လုပ်ရတယ်။ ဒါတောင်မှ Coinbase ကို တစ်ခါတည်း Transfer လုပ်လို့မရဘူး။ ကြားထဲမှာ Xfers (https://www.xfers.com/sg/) တို့လို တစ်ဆင့်ခံတဲ့ အေးဂျင့် လေးတွေ ရှိသေးတယ်။ 

သူတို့ရဲ့အကောင့်ထဲကို စင်ကာပူ Bank အကောင့်ထဲကနေ ပိုက်ဆံ ထည့်လိုက်တယ်။ ပိုက်ဆံထည့်လိုက်ရင် သူကနေတစ်ဆင့် ကျွန်တော် တို့ရဲ့ Coinbase ထဲကို Top Up လုပ်ပေးမယ်။ အဲဒီ Coinbase ကတစ်ဆင့် လိုအပ်တဲ့ Bitcoin ကို ကျွန်တော်တို့ ဝယ်လို့ရမယ်။ Coinbase ထဲမှာ ကျွန်တော်တို့ Bitcoin ရဲ့ Wallet ရှိမယ်။ Wallet ထဲက ပိုက်ဆံက ဘယ်ကရောက်လာလဲဆိုတာ ကြည့်လို့ရတယ်။ Cash ကနေ ဝင်လာခဲ့ရင်ပေါ့။ Bitcoin Address က ဝင်လာခဲ့ရင်တော့ ဟိုဘက် Bitcoin ရဲ့ Address က ဘယ်သူလဲ ဆိုတာသိဖို့ နည်းနည်းတော့ ခက်တယ်။ 

ဒါပေမဲ့ Cash ကနေဝင်လာခဲ့ရင် အကောင့်ပိုင်ရှင်ဘယ်သူလဲဆိုတာ သိသွားပြီ။ သိသွားတဲ့အချိန်မှာ Coinbase ကနေ အခြား Bitcoin အကောင့်တွေကို ပိုက်ဆံတွေပေးပြီ။ ပေးလို့ရှိရင် အဲဒီ Transaction Record တွေက ခုနကလိုပဲ Public Ledger ဖြစ်နေတဲ့အတွက် လူတိုင်းက ကြည့်လို့ ရတယ်။ ကျွန်တော့်ရဲ့ Address ထဲကနေ ဘယ်တွေကို ရောက်သွား လဲဆိုတာ Trace လိုက်လို့ရတယ်။ အဲဒီလိုဆိုတော့ တဖြည်းဖြည်းနဲ့ Risk က လျော့လာတယ်လို့ ထင်ရတယ်။

နောက်တစ်ခါ ပိုက်ဆံလိုချင်လို့ Bitcoin ကို ရောင်းတယ်ဆိုရင်လည်း Coinbase ထဲမှာ ရောင်းလိုက်တယ်။ ရောင်းလိုက်တဲ့ ပိုက်ဆံက Bank Account ထဲ ရောက်သွားဖို့ဆိုရင် Bank Account ရှိရတော့မယ်။ Bank Account ရှိပြီဆိုရင် Bank Account ပိုင်ရှင် Information က ဘဏ်က လူတွေထိန်းထားတာရှိတယ်ဆိုတော့ အကောင့်ထဲက Bitcoin Amount တွေက ဘယ် Cash လှဲထားလဲဆိုတာ ကြည့်လို့ရတယ်။ အဲဒီလိုနဲ့ Risk တွေက တဖြည်းဖြည်းနဲ့လျော့လာမှာပါ။

ဦးကောင်းစစ် : Know Your Customer (KYC) ကလည်း Exchange တွေရဲ့ KYC Process က တော်တော်လေးတော့ Strict ဖြစ်ပါတယ်။ ကြိုက်တဲ့သူဖွင့်လို့ရတယ်ဆိုပေမယ့် သူတို့မှာ Limit တွေရှိပါတယ်။ စဖွင့်ဖွင့်ချင်းမှာ ဒေါ်လာတစ်ရာ နှစ်ရာထက်ပိုပြီး မလုပ်ရပါဘူး။ Driving License ၊ ဒါမှမဟုတ် Passport တစ်ခုခုကို Verify လုပ်ပြီးမှရပါတယ်။ Verify လုပ်တဲအခါမှာလည်း သေချာမှန်ကန်အောင် Passport ကိုင်တဲ့ ပုံစံပေးထားတဲ့စာနဲ့ မျက်နှာပါပြခိုင်းပါတယ်။ 

KYC က ခုနက ဘဏ်မှာသွားပြီး လုပ်သလိုမျိုး ယုံကြည်မှုက တဖြည်း ဖြည်း တည်ဆောက် လာနေတဲ့အတွက် ယုံကြည်ရတဲ့ အခြေအနေ ရောက်ရင် တော့ လူတိုင်းသုံးလို့ အဆင်ပြေလာမှာ ဖြစ်ပါတယ်။

ဦးမင်းမြတ်စိုး : Bitcoin Exchange ဆိုရင် Bitcoin Exchange ကနေ ကိုယ်တွေသုံးတဲ့ Spending Limit အပေါ်မှာမူတည်ပြီး Bitcoin ဝယ်တာ ဒေါ်လာနှစ်ရာထက်ကျော်သွားပြီဆိုရင် (Amount တော့ အတိအကျ မသိတော့ဘူး) ဝယ်ပြီဆိုရင် Identity ကို Verify လုပ်မှ ဆက်ပြီးတော့ Transaction ပေးလုပ်တယ်။

Wallet ကိုဖွင့်ပေးတဲ့ ကုမ္ပဏီသက်သက်ရှိသလား?

 (Exchange မှာ Bitcoin ကို အရောင်းအဝယ်လုပ်မယ်ဆိုရင် အရင်ဆုံး Wallet တစ်ခုရှိရမယ်။ ဒီတော့ Exchange ကနေ Wallet ကို ဖွင့်ပေး တာ လား။ Wallet ကိုဖွင့်ပေးတဲ့ ကုမ္ပဏီသက်သက်ရှိသလား။ အဲဒါ လေး ရှင်းပြ ပေးပါ)

ဦးမင်းမြတ်စိုး : အဲဒါကနှစ်မျိုးရှိတယ်။ Wallet က Local Wallet ဆိုရင် ကိုယ့်ဘာသာကိုယ် Wallet ကို Software နဲ့ Create လုပ်ပြီးတော့ ကိုယ့် Computer မှာပဲ ကိုယ်သိမ်းထားလို့ရတယ်။ နောက်တစ်ခုကကျတော့ Bitcoin Exchange Website တွေမှာ Wallet Create လုပ်လိုက်တယ်။ Bitcoin Wallet ဆိုတဲ့အဓိပ္ပာယ်က Wallet Create လုပ်လိုက်ရင် အဲဒီ Bitcoin ရဲ့ Secret Key လေးရှိတယ်။ ကိုယ့်ဘာသာလုပ်တယ်ဆိုရင် အဲဒီ Secret Key က ကျွန်တော်တို့ဆီမှာ သိမ်းထားတယ်။ Secret Key ရဲ့ သဘောတရားက Secret ပေါ့။ ဘယ်သူမှမသိရဘူး။ 

ဒါပေမဲ့ Bitcoin Wallet ကို Bitcoin Exchange ပေါ်မှာသွားပြီး Create လုပ်ရင် အဲဒီ Key လေးက သူတို့ယူထားတယ်။ အဲဒီလိုမျိုးနဲ့ပါ သွားတာတွေလည်း ရှိဖူးပါတယ်။ အဓိကက Bitcoin တစ်ခု Transaction ဖြစ်တိုင်း သူများကိုပေးလို့ရတယ်၊ မရဘူးဆိုတာ အဲဒီ Secret Key ပေါ်မှာ အများကြီးမူတည်တယ်။ ကိုယ့်ရဲ့ပိုက်ဆံကို သူများကိုပေးတော့မယ်ဆိုရင် ကိုယ့်ရဲ့ Secret Key ကို သုံးပြီးပေးရတာ။ Bitcoin Exchange ကို Manage လုပ်ခွင့်ပေးလိုက်ရင် ကိုယ့် Wallet ကို အလွဲသုံးစားလုပ်ခံရနိုင်ပါတယ်။

ဦးမင်းဝင့်ဦး : Wallet က တကယ်တော့ ကြားခံတာပါပဲ။ ကျွန်တော်တို့တွေ ဘဏ်မှာစာရင်းဖွင့်ရင် Account ရှိရသလိုပဲ အွန်လိုင်းပေါ်မှာ၊ Wallet ပေါ်မှာ Bitcoin လိုဟာမျိုးကို အရောင်းအဝယ်လုပ်မယ်၊ သိမ်းထားမယ်၊ စုထားမယ်ဆိုရင် ကိုယ့် Account နဲ့ ကိုယ်သိမ်းသလိုမျိုး၊ ကိုယ့်ပိုက်ဆံအိတ်နဲ့ ကိုယ်သိမ်းသလိုမျိုးပါ။ Wallet Provider တွေဆီကနေ Wallet ဖွင့်၊ ကိုယ်သိမ်းချင်တာပဲဖြစ်ဖြစ်၊ Exchange လုပ်ချင်တာပဲဖြစ်ဖြစ် ဒီ Wallet ကနေတစ်ဆင့် လုပ်တယ်ဆိုပြီးတော့ ကြားခံလိုက်တာပါပဲ။

ဦးကောင်းစစ် : Wallet လို့ပြောရင်တော့ နည်းနည်းရှုပ်ပြီး နားလည်ရခက်တဲ့အတွက် အလွယ်အားဖြင့် ကိုယ့်ရဲ့လိပ်စာတစ်ခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။ သူက Online Cryptocurrency ဖြစ်တဲ့အတွက် ကိုယ့်ဘာသာ Create လုပ်လို့ရတယ်။ ဘယ်သူ့ဆီမှာမှသွားပြီး Bind လုပ်စရာမလိုဘူး။ လိပ်စာမှာ Approach နှစ်ခုရှိပါတယ်။ လူတိုင်းသိလို့ရတဲ့ လိပ်စာရှိသလို ကိုယ်ဝင်တဲ့ လိပ်စာရှိပါတယ်။ Secret Key ဖြစ်ပါတယ်။ သူများက ကိုယ့်ကို ပို့မယ်ဆိုလည်း ကြိုက်တဲ့လူက လှမ်းပို့လို့ရတယ်။ 

ကိုယ်ကလည်း သူများကိုပေးမယ်ဆိုရင် သူများကိုဖွင့်ပြီးမှ ပေးလို့ရတာဖြစ်ပါတယ်။ အဲဒီသော့ကလည်း နံပါတ်အရှည်ကြီးတစ်ခုဖြစ်ပြီး သူများကကိုယ့်ကိုပေးတာကလည်း နံပါတ်အရှည်ကြီးတစ်ခုဖြစ်ပါတယ်။ အဲဒီ Private Key ကို ကိုယ်သိမ်းထားမလား၊ သူများကိုအပ်ထားမလားဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ တချို့တွေကတော့ Exchange မှာအပ်ထားပြီး သူ့ဘာသာဖွင့်ပြီး သူ့ဘာသာ လုပ်လိုက်ပါတယ်။ တချို့တွေက မယုံတဲ့အတွက် Paper Wallet လုပ်ထားတယ်။ အဲဒီထဲမှာ ကိုယ့်ဘာသာကိုယ် ဖွင့်ထုတ်ပြီး မှတ်ထားတယ်။ 

သူများကို လွှဲစရာရှိတော့မှ အဲဒီကနေထုတ်ပြီး လွှဲပေးလိုက်တယ်။ တချို့တွေကလည်း စာတမ်းအရှည်ကြီးကို ပြန်တိုက်ဖို့က တစ်လုံးမှားရင်မထွက်တာကြောင့် သိမ်းထားတယ်။ Digital Wallet တစ်ခုဖွင့်ထားတယ်။ အဲဒီ Digital Wallet က Software နဲ့ရော Hardware နဲ့ပါ Assign လုပ်လို့ရတယ်။ ဝယ်ချင်ရင်တော့ အဲဒီလို Wallet တွေကို Provide လုပ်တဲ့ Technology Supplier တွေတော့ ရှိပါတယ်။

ဦးမင်းမြတ်စိုး : Paper Wallet ကကျတော့ Private Key ပေါ့။ Private Key က စာတန်းလေးတစ်တန်းပဲ။ ဒါပေမဲ့ စာတန်းလေးက ရေးရရှုပ်တော့ QR Code နဲ့ပြလေ့ရှိတယ်။ အဲဒီ QR Code ကို ပထမဦးဆုံးမြင်တဲ့သူက အဲဒီ Coin ကို သုံးလို့ရပြီပဲ။ Mining လုပ်ရင်းနဲ့ရထားတဲ့ Bitcoin ကို ကျွန်တော့်ကို ပေးလိုက်တယ်ဆိုတော့ အဲဒီပေးလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ Private Key နဲ့ Mine လိုက်တယ်။ ပြန်သုံးချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ Secret Private Key နဲ့သုံးမှရတယ်။ အဲဒီ Key ကို တခြားသူတစ်ယောက်က သူများကိုသွားပြလိုက်လို့ မြင်သွားရင်လည်း ကျွန်တော်တို့ပိုက်ဆံကို သူတို့သုံးလို့ရသွားလိမ့်မယ်။ 

အဲဒီ Key ကို လုံလုံခြုံခြုံထားဖို့ အရေးကြီးတယ်။ ခုနကလို အွန်လိုင်းမှာတင်ထားရင်တော့ ပြဿနာတွေက အများကြီးပဲ။ သူတို့ကဘယ်လိုလုပ်လဲတော့ သေချာမသိဘူး။ တချို့အကြီးအကျယ်လုပ်တဲ့သူတွေကျတော့ Hardware Key လေးတွေကို USB Stick ထဲ ထည့်ပြီးတော့ သိမ်းထားတယ်။ အဲဒီတော့ Transaction တစ်ခါလုပ်တိုင်း USB လေးနဲ့ ကွန်ပျူတာထဲမှာ ထိုးပြီးတော့ အလုပ်လုပ်တဲ့ ဟာလေးတွေရှိတယ်။ Private Key ပျောက်သွားရင်လည်း အဲဒီပိုက်ဆံတွေ အကုန်လုံးက လုံးဝသုံးမရတော့ဘူး။ 

ဘယ်လောက်မီလီယံတန်တန်ပေါ့။ ပိုက်ဆံတွေက ရှိနေပေမယ့် တခြားသူကို Transfer လုပ်လို့ မရတော့ဘူး။ သေတ္တာထဲမှာ ပိုက်ဆံတွေထည့် သော့ခတ်ထားပြီး သော့ကြီးပျောက်သွားသလိုပဲ။ သေတ္တာထဲမှာ ပိုက်ဆံတွေရှိနေပေမယ့် သုံးလို့မရတော့ဘူး။

ဦးမင်းဝင့်ဦး : ကိုယ်တိုင်ဖြစ်ဖူးတယ်။ Wallet တွေ ဖွင့်၊ Bitcoin တွေကို ဟိုဘက်၊ ဒီဘက် Exchange တွေ လုပ်၊ ပြီးတော့ မသုံးတာကြာတဲ့အချိန်မှာ အဲဒီ Key က ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အဲဒီပိုက်ဆံက အလကားဖြစ်သွားပါတယ်။

Bitcoin အပေါ် အများပြည်သူ Awareness ...?

(Bitcoin အပေါ် အများပြည်သူ Awareness အတိုင်းအတာနဲ့ သူ့အနာဂတ် အပေါ်အမြင်)

ဦးမင်းဝင့်ဦး: ကျွန်တော် Bitcoin ကို Review သဘောမျိုးတွေ ကြည့်ဖူးတယ်။ တော်တော်နဲ့မပြီးနိုင်ဘူး။ နားလည်အောင်ကို ပြောယူ ရတယ်။ အတိုဆုံးဆိုရင်တောင် ခြောက်နာရီလောက်ကြာတယ်။

ဒီအကြောင်းကို သိချင်တယ်၊ နားလည်ချင်တယ်၊ လေ့လာချင်တယ်။ အဲဒီအတွက် သင်တန်းကြေးပေးပြီး သင်တန်းတက်လိုက်ရတယ် ဆိုတဲ့ သဘောနဲ့ ကိုယ်က Investment လုပ်ပြီးတော့ ဒါကိုလေ့လာကြည့် လိုက်မယ်။ တကယ်ကိုယ်တိုင် ကြံုဖူးမှပဲ၊ လုပ်ဖူးမှပဲသိတာ။ ဒီအတိုင်းပြောရင် Transaction ဘယ်လိုလုပ်သွားလဲ၊ ဘယ်လို ဖြစ်သွားလဲ ဆိုတာ ဘယ်လိုမှမသိနိုင်ဘူး။ သိသွားပြီ၊ နားလည်သွားပြီဆိုတဲ့ အချိန်မှာလည်း ဒါကြောင့်ဖြစ်နိုင်တဲ့ ကောင်းတာ၊ ဆိုးတာလေးတွေ ရှိပါတယ်။ ကောင်းတာလေးတွေကို ဘာယူလို့ရလဲ၊ ဘာအသုံးချလို့ရလဲ။ 

ဘယ်နေရာမှာ Utilize လုပ်လို့ရလဲ။ ဒါတွေကို ကြည့်ပြီးတော့  သုံးသင့်တာသုံးပါ။ အဲဒီလိုမှမဟုတ်ဘူး။ ဆိုးတာတွေ ပိုများတာ တွေ့နေတယ်၊ တစ်ခုခုအန္တရာယ်ရှိတာတွေရှိနေတယ်ဆိုရင် ကိုယ့်ပိုင်ဆိုင် မှုလေး မဆုံးရှုံးအောင် ဘယ်လိုကာကွယ်မလဲ၊ ဒါမှမဟုတ် ဘာတွေ မလုပ်သင့်ဘူးဆိုတာကို ဆုံးဖြတ်နိုင်ရင်တော့ မီးလိုပါပဲ ထိရင်ပူတယ် ဆိုတာ သိသွားမှာပါ။

ဦးမင်းမြတ်စိုး : ကျွန်တော့်အနေနဲ့ကတော့ Bitcoin က ပုံမှန်တော့ Invest လုပ်တယ်ဆိုတာ Trade လုပ်တာပဲ။ Trade လုပ်တယ်ဆိုတာ အမေရိကန်ဒေါ်လာကို စျေးကျတဲ့အချိန်မှာ ဝယ်ထားပြီးတော့ စျေးတက်တဲ့အချိန်မှာ ပြန်ရောင်းစားရင် အမြတ်ရတဲ့ပုံစံမျိုးပဲပေါ့။ Bitcoin ကိုလည်း စျေးကျတဲ့အချိန်မှာ ဝယ်ထားတယ်။ စျေးတက်ရင် ပြန်ရောင်းမယ်။ ဒါပေမဲ့ Bitcoin ရဲ့ စျေးနှုန်းအတက်အကျက တအားကို များလွန်းအားကြီးတယ်။ 

များလွန်းအားကြီးတော့ Speculation တွေ တအားများနေတော့ ကစားဖို့ဆိုတာက ကိုယ်က အဲဒီအပိုင်းမှာ ဒီ Trend တွေကို သေချာကျကျနန နားမလည်ရင် မလုပ်သင့်ပါဘူး။ Trend ဆိုတာလည်း သူကတကယ့် Economic နဲ့ပတ်သက်တဲ့ Real Trend ကလည်း မရှိသလိုဖြစ်နေတယ်။ ခုနကလို ဒေါ်လာရှစ်ထောင်ကနေ ဒေါ်လာ ၁၆,၀၀၀ လောက်အထိကို တစ်ပတ်လောက်အတွင်း ရောက်သွားတာ တို့ဆိုရင် အဲဒီ Amount တွေကို ကိုယ်က Personally ဆိုရင် အဲဒီလောက် Risk များတယ်ဆိုရင် မကစားတော့ပါဘူး။ 

နည်းနည်းခန့်မှန်းလို့ရတဲ့ အနေအထားလောက်မှာဆိုရင် ကစားချင် ကစား ဦးမယ်။ နောက်နှစ်ပတ်လောက်နေရင် တက်မလား၊ ကျမလားကို ခန့်မှန်းလို့ရမယ်ဆိုရင် ကစားချင်တယ်။ ဒါပေမဲ့ အခုဟာကကျတော့ ကျသွားတာကကျတော့ ဝုန်းခနဲကျသွားတယ်။ တက်သွားရင်လည်း ဝုန်းခနဲတက်သွားတယ်။ အဲဒါကို လိုက်ကစားဖို့ကျတော့ ကြောက်ဖို့ ကောင်းတယ်။ ဒါကတော့ ကျွန်တော့် Personal အမြင်ပါ။

ဦးမင်းဝင့်ဦး : အပြင်မှာ FX ဒေါ်လာအရောင်းအဝယ် လုပ်တဲ့သူမျိုးတွေ ရှိသလို ဒီ Stock တွေကို Invest လုပ်ထားမယ်၊ စျေးကိုက်ရင် ပြန်ရောင်းမယ်။ ဒါမျိုးတွေလုပ်သလိုပဲ Bitcoin ကို Exchange လုပ်ချင်တယ်၊ ကစားချင်တယ်ဆိုရင် လောင်းကစားတော့ နည်းနည်း ဆန်တယ်။

ဥပမာ- ငွေကြေးပိုလျံနေတယ်၊ Invest လုပ်ချင်တယ်၊ ဒီ Trend ကို ကြည့်ပြီးတော့ ကစားချင်တယ်ဆိုရင်တော့ Invest လုပ်လို့ရတယ်။ ဒါကကျတဲ့ Down Trend ကို ဖြစ်လာပြီဆိုရင်လည်း သူ့ကိုရောင်း ထုတ်မလား။ ဒါမျိုးတွေကတော့ ဒါကိုနားလည်ရင် သုံးလို့ရတယ်။ Payment System အနေနဲ့ကျတော့ သုံးတဲ့သူရှိတယ်၊ လက်ခံတဲ့သူရှိရင် ဒါကရှိနေမှာပါပဲ။

ဦးမင်းမြတ်စိုး : Bitcoin သုံးတဲ့နည်း နှစ်နည်းမှာ ပထမတစ်နည်းက Payment အနေနဲ့ သုံးတယ်။ အဲဒါက ဆက်သုံးလို့ရတယ်။ Bitcoin ကို ဘလောက်နည်းနည်း ဝယ်ထားမယ်။ Bitcoin Service ပေးတဲ့နေရာမှာ ဝယ်သုံးတယ်။ အဲဒါဆိုရင်တော့ ဘာမှမဖြစ်နိုင်ဘူး။ ခုနကလိုမျိုး Trading လုပ်ဖို့ဆိုရင်တော့ တော်တော်လေး စဉ်းစားဖို့လိုအပ်ပါတယ်။

 

Bitcoin မဟုတ်တဲ့ တခြား Cryptocurrency ...?

 Bitcoin မဟုတ်တဲ့ တခြား Cryptocurrency တွေနဲ့ပတ်သက်လို့ ပြောပြပေးပါဦး

ဦးမင်းမြတ်စိုး : Blockchain ကို အခြေခံထားတဲ့ Cryptocurrency တွေက အများကြီးပဲ။ Bitcoin ကတော့ ပထမဦးဆုံးဖြစ်တယ်။ အခု ခေတ်စား နေတဲ့ဟာတွေက Ethereum တို့၊ Ripple တို့၊ တချို့ Currency တွေကျတော့ Fully Annonymous ဖြစ်တဲ့ Cryptocurrency လည်း ရှိတယ်။ ဘယ်သူကနေ ဘယ်သူ့ကို ပို့တယ်ဆိုတာ တကယ် Trace လိုက်လို့မရဘူး။ နောက်တချို့ Cryptocurrency ကျတော့ လွယ်လွယ်လေး Mine လို့ မရဘူး။

ဦးကောင်းစစ် : Cryptocurrency မျိုးစုံပေါ်ထွက်လာပါ တယ်။ သူတို့ဆီမှာလည်း Feature မျိုးစုံရှိပါတယ်။ တချို့တွေကျတော့လည်း Distributed Computer တစ်လုံးအနေနဲ့ သုံးလို့ရတဲ့ Feature တွေရှိပါတယ်။ Program ပေးလို့ရတယ်။ Smart Contract လုပ်လို့ရတယ်။ ဆိုလိုတာက လိုအပ်တဲ့ Condition နဲ့ညီရင် ပိုက်ဆံလွှဲမယ်ဆိုတာမျိုးကို လုပ်လို့ရတယ်။ Trading လုပ်လို့ရတယ်။ 

ဥပမာ- ဒီသင်္ဘောက ဒီနေရာကို ထွက်လာရင် ပိုက်ဆံကို ဘယ်ကိုပို့လို့ ရပြီဆိုတာမျိုးတွေရှိပါတယ်။ တချို့ Forex Trading လုပ်တဲ့သူတွေက Risk အများကြီးယူတဲ့သူတွေ ဖြစ်ပါတယ်။ တချို့တွေကတော့ Speculate လုပ်ပြီးမှ Trade လုပ်တဲ့သူတွေ ရှိပါတယ်။ တချို့တွေကလည်း နားမလည်ဘဲနဲ့ ပိုက်ဆံရလောက်တယ်ဆိုပြီး ထည့်လိုက်တာတွေ ရှိပါတယ်။ နောက်ရှုံးတယ်ဆိုပြီး ပြန်ထုတ် သွားတာတွေ ရှိပါတယ်။ အဲဒါမှ တကယ်ရှုံးတာ ဖြစ်ပါတယ်။ 

ကျွန်တော့်အမြင်ကတော့ ငွေလိုချင်လို့လုပ်တာဆိုရင် အရင်လေ့လာသင့် ပါတယ်။ Idea ကို သဘောကျလို့ လုပ်တာဆိုရင်တော့ ပိုက်ဆံကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ထည့်ထားပြီး သုံးလို့ရရင်လည်း သုံးမယ်၊ မရရင်လည်း ဘာမှမဖြစ်ပါဘူး။ သူများတွေလုပ်လို့ လိုက်လုပ်တာ ဆိုရင်တော့ မလုပ်သင့်ပါဘူးလို့ ပြောချင်ပါတယ်။

Cryptocurrency လူကြိုက်များ လာနိုင် သလား?

 မြန်မာနိုင်ငံမှာ Cryptocurrency တွေအနေနဲ့ လူကြိုက်များ လာနိုင် သလား၊ ဘာတွေဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲ?

ဦးမင်းဝင့်ဦး : လက်ရှိအနေအထားအရ ကျွန်တော်တို့ လေ့လာ ကြည့်တယ်။ တခြားနိုင်ငံတွေမှာ လက်ခံတာတွေ၊ လက်မခံတာတွေ ရှိတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက်ဆိုရင် မြန်မာနိုင်ငံရဲ့ Regulator တွေက နီးစပ်ရာ အာဆီယံထဲမှာရှိတဲ့ နိုင်ငံတော်တော် များများရဲ့ Regulation အတိုင်း သွားဖို့များတယ်။ အဲဒီလိုသွားမယ်ဆိုရင် လက်မခံတဲ့ဘက်ကို ပိုသွားဖို့များတယ်လို့ ကျွန်တော် မြင်ပါတယ်။ လက်မခံတော့ဘူးဆိုကတည်းကိုက ဒါက Legal မဖြစ်နိုင်ဘူး။ Official Transaction တွေ လုပ်လို့မရနိုင်ဘူး။ 

ဒါပေမဲ့ လက်ခံတယ်၊ လက်မခံဘူးဆိုတာကလည်း Cryptocurrency လိုမျိုး Bitcoin လိုသာ ဖြစ်နေတာ။ သူ့ရဲ့နောက်ကွယ်မှာရှိတဲ့ Theology ကိုကျ လက်ခံကြတယ်။ ကျွန်တော်တို့မြင်နေတာကတော့ မြန်မာနိုင်ငံ လည်း သူများနိုင်ငံတွေလို ပုံစံမျိုးပဲ Cryptocurrency ဘက်ကို ဦးစားမပေးတော့ ဘဲနဲ့ သူ့ရဲ့ Technology ကို ဦးစားပေးမယ့် Blockchain ဘက်ကို သွားလိမ့်မယ်လို့ ယူဆပါတယ်။

 

ဦးမင်းမြတ်စိုး : Bitcoin ကို သုံးတယ်ဆိုတဲ့အဓိပ္ပာယ် က ခုနကလိုမျိုး အများစုက Anonymity ပေါ့။ Anonymity ထက် တစ်ယောက်ယောက် က ကိုယ့်ရဲ့ ပိုက်ဆံတွေသုံးတာကို မမြင်ချင်တဲ့ပုံစံမျိုး သုံးတယ်ဆိုတဲ့ ပုံစံမျိုးလည်း တော်တော်များများမြင်ကြတယ်။ ဒါပေမဲ့ မြန်မာပြည် အနေနဲ့ စဉ်းစားမယ်ဆိုရင် Transaction တော်တော် များများ က Cash Transaction တွေ များတယ်။ 

 

မဖြစ်မနေမှဘဲ ဘဏ်ကိုသုံးပြီးတော့ Transaction လုပ်ကြလေ့ရှိတယ်။ သဘောတရားချင်းတော့ အခုအချိန်မှာတော့ သိပ်မကွာဘူး။ အစိုးရ အနေနဲ့ Bitcoin ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတဲ့ အပေါ်မှာ ပဲ မူတည်ပါတယ်။

ဦးကောင်းစစ် : Cryptocurrency ကို Currency နဲ့ သတ်မှတ်ပြီးတော့ လက်ခံတဲ့ အခါမှာ သူ့ရဲ့ကောင်းကျိုးတွေ ဆိုးကျိုးတွေရှိမယ်။ ကောင်းကျိုးတွေ အတွက် ကောင်းတာတွေရမှာဖြစ်သလို ဆိုးကျိုးတွေ အတွက် ဘယ်လိုကာကွယ်ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းတွေ ရှာသင့် ပါတယ်။ 

 

ဒါပေမဲ့ လက်မခံဘူးဆိုရင်လည်း တစ်ကမ္ဘာလုံးမှာဖြစ်နေတာတွေကို လက်လွတ်သွားနိုင်တာတွေ ရှိပါတယ်။ ဒါတွေကိုတော့ အစိုးရရော၊ တစ်နိုင်ငံလုံးရော စဉ်းစားရမှာဖြစ်ပါတယ်။ အကုန်လုံးတော့ အကောင်း ရမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ Bitcoin သို့မဟုတ် Blockchain ဘာဖြစ် လာနိုင်သလဲ ဆိုတာရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ Cryptocurrency နဲ့ပတ်သက်တာ၊ Blockchain နဲ့ပတ်သက်တာ တစ်ခုခုဖြစ်ဖို့ ဝင်ဖို့ထွက်ဖို့ အပေါက်တစ်ခု လိုပါတယ်။ 

 

ဆိုလိုတာက မြန်မာငွေကနေ Cryptocurrency ကို Exchange လုပ်ဖို့နေရာမျိုးရှိဖို့လိုပါတယ်။ ဒါမျိုးရှိမှ တခြားဟာတွေလည်း ပြန့်ပွားလာစရာရှိပါတယ်။ အဲဒါမျိုးတွေကလည်း တစ်ခုတည်းမဟုတ်ဘဲ အများကြီးလိုပါတယ် ရှေ့မှာလည်း အစိုးရလက်ခံမှုအပေါ်မူတည်ပြီး ဆက်လုပ်လို့ ရမရရှိလာနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ သေချာလေ့လာစေလိုပြီး Policy Maker တွေကိုလည်း သေချာ စဉ်းစားပြီးတော့မှ ဆုံးဖြတ်ဖို့ အချိန်ရောက်လာတော့မယ်လို့ ထင်ပါတယ်။

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...