Monday, February 7, 2022

Bitcoin ရဲ့ စီးပွားရေးစနစ် (ecosystem)?

 Bitcoin ရဲ့ စီးပွားရေးလည်ပတ်ပုံစနစ်ကို လေ့လာတဲ့အခါ 

1- Mining

2- Exchanges
 
3- Wallets
 
4- Payments
 
5- ATM
6- Financial Services စတာတွေပါ၀င်တာကိုတွေ့ရပါတယ်။
 
1-Mining Ecosystem
Graphic card ထုတ်လုပ်သော company များရဲ့ တစ်နှစ် ရောင်း အားဟာ 5 ဘီလီယံလောက်ရရှိကြပါတယ်။
အထူးသဖြင့်cryptocurrency တူးဖော်သူများ၀ယ်ယူခြင်းကြောင့် ရရှိတာ ဖြစ်ပါတယ်။ ဒါဟာ cryptocurrency တွေကြောင့်ရတဲ့ အကျိုး အမြတ် ဖြစ်ပါ တယ်။ အလားတူပဲ Antminer ရောင်းချသော တရုတ် company ရဲ့ တစ်နှစ်စာ အမြတ်ဟာ 5 ဘီလီယံ ရှိပါတယ်။ ဒီလုပ်ငန်းကြီးတွေ လည်ပတ်မှုကြောင့် cryptocurrency ထဲ ငွေကြေးလည်ပတ်မှုတွေ ဖြစ် ပေါ် စေပါတယ်။
ဒါဟာ ecosystem ဖြစ်ပါတယ်။
 
2-Exchanges Ecosystem
Cryptocurrency ကို local ငွေနဲ့လဲလှယ်ပေးရာမှ ၀န်ဆောင်ခ ရရှိသော လုပ်ငန်းများလည်း ကမ္ဘာအနှံ့ များစွာရှိနေပါတယ်။
 
3-Wallet
Cryptocurrency များ လွှဲပြောင်းမှုကို ၀န်ဆောင်မှုပေးရာမှ အကျိုး မြတ်ရရှိနေသော လုပ်ငန်းများလည်း ရှိပါတယ်။
 
4-Payments
Cryptocurrency ဖြင့် ငွေချေ ၀ယ်ယူနိုင်သော payment ၀န်ဆောင် မှုများ လည်း ရှိနေပါတယ်။
 
5- ATM
ATM များ မှ အလွယ်တကူငွေထုတ်ယူနိုင်အောင် ၀န်ဆောင်မှု ပေးရာမှ လည်း အကျိုးမြတ်များ ရရှိနေပါတယ်။
 
6- Financial Services
ကမ္ဘာ အနှံ့ငွေ လွှဲ ၀န်ဆောင်မှုများလည်း လုပ်ဆောင်နိုင်ရာက အကျိုး အမြတ် များ ရရှိနေကြပါတယ်။ ထို ecosystem များရှိနေခြင်းဟာ Bitcoin ကို ၀ယ်လိုအား ၊ ရောင်းလိုအား မျှတနေစေပါတယ်။
 
Bitcoin စျေးကွက်စလာပုံ
▄▄▄▄▄▄▄▄▄▄▄▄▄▄
satoshi nakamoto ဟာ Bitcoin 1သန်း ကို ပထမဆုံး Block အနေနဲ့ စတင် မှတ်တမ်းတင်တူးဖော်ပြီးနောက်သူ့ရဲ့ bitcoin source code တွေကို public မှာ တင်ထားခဲ့ပြီး ပျောက်ကွယ် သွားခဲ့ပါတယ်။ Bitcoinကို စုစုပေါင်း 21 သန်း ထုတ်လုပ်မယ်လို့ program ရေးထားခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိခဲ့သော သန်း 20 ကို အခြား computer programmer များက Bitcoin ရဲ့ source code မှ ယူကာ စမ်းသပ် တူးဖော်ခဲ့ပြီး payment အနေနဲ့ အပျော် သဘော စမ်းသုံးခဲ့ကြပါတယ်။
 
2011 ခုနှစ်မှာ ပီဇာတစ်ခုကို bitcoin 10000 နဲ့ စတင် ၀ယ်ယူ ခဲ့ပါတယ်။
ထို့နောက်မှာ Bitcoin ကို internet ပေါ်က computer programmer များရဲ့ ကြားခံ ငွေတစ်ခုအနေနဲ့ အသုံးပြုလာ ရာကနေ 2013 မှာcrypto stockmarket အဖြစ် တင်ကာ လူတိုင်း၀ယ်လို့ ရအောင် ပြုလုပ် ပေးခဲ့ပါတယ်။ ထိုအချိန်မှ စတင်ကာ အခြား crypto များလည်း ပေါ် ပေါက်လာ ပြီး ယနေ့မှာ crypto ပေါင်း 1500 လောက်နဲ့ coinmarket ကြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
 
Bitcoin ကိုလက်၀ယ်ရရှိနည်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Bitcoin digital code ကို ရရှိနိုင်တဲ့ နည်းလမ်း ၂ နည်းရှိပါတယ်။
1- ၀ယ်မယ်
2- တူးမယ်
၀ယ်ယူတယ်ဆိုတာကို ၂ နေရာမှာ လုပ်လို့ရပါတယ်.။
1- မိုင်းတူးစုဆောင်းသူတွေဆီက၀ယ်တယ်(offline)
2- Exchange တွေဆီနေ၀ယ်တယ်(online)
Exchange တွေဆီမှာ၀ယ်ဖို့ visa,master,credit card တွေကို သုံးပြီး ၀ယ်နိုင် ပါတယ်။ နောက်ပိုင်းမှာတော့ credit card ကို ပေးမသုံးပဲ မိမိ စာရင်းရှိငွေ visa, master card တွေနဲ့သာ ၀ယ်စေပါတယ်။ Bitcoin ကို တန်ဖိုး မြင့်တက်စေနိုင်တဲ့၀ ယ်ယူစုဆောင်းစရာ asset အနေနဲ့ လက်ခံ လာ ကြတဲ့ အခါ ၀ယ်ယူစုဆောင်းသူလည်း ပိုမို များပြားလာပါတယ်။
Exchange တွေကနေ visa card တွေနဲ့ ၀ယ်ယူတဲ့အခါ bank တွေက ထို ၀န်ဆောင်ခ ကို အခြား ၀န်ဆောင်ခတွေထက် ပိုမို ယူဆောင်ကြပါတယ်။
Bitcoin ကို အဓိက ၀ယ်ယူစုဆောင်းသူ ၂ မျိုးရှိပါတယ်။
 
1- Institutional investors(ကြီးမားသော investorများ)
2- Retail investors ( တနိုင်တပိုင် investor များ)
Institutional investor များဟာ စျေးကွက်ကို အဓိက ထိန်းချုပ် ထားနိုင် တဲ့ အထိ စျေးကွက်ဝေစုကို ရယူထားနိုင်ကြပါတယ်။ ထိုသူများ ၀ယ် လိုက်လျှင် စျေးထိုး တက်သွားပြီး ရောင်းလျှင် စျေကျတက်တယ် လို့ ယေဘူယျ ယူဆရပါမယ်။
 
Bitcoin ကို အသုံးပြုနေပုံ
▄▄▄▄▄▄▄▄▄▄▄▄▄▄
Bitcoin ကို အသုံးပြုပုံ 2 မျိုးရှိပါတယ်။
1-၀ယ်ယူစုဆောင်ဖို့(အိမ်မြေ ၊ ရွှေ စတာတွေ၀ယ်စုသလို)
2-payment အနေဖြင်.သုံး။
ထို ၂ ခုဟာ သတ်ဆိုင်ရာနိင်ငံအပေါ်မူတည်ကွဲပြားပါသေးတယ်။ အချို့ နိုင်ငံတွေဟာ ၀ယ်ယူစုဆောင်းတာကို လက်ခံပေမယ့် payment အနေနဲ့ လက်မခံတာမျိုး ရှိသလို အချို့နိုင်ငံများကတော့ ၂ မျိုးလုံးလက်ခံ ကြ ပါ တယ်။ Legal digital asset လို့ သုံးနှုန်းတက်ပြီး Not allow payment လို့ သတ်မှတ်တက်ကြပါတယ်။(Crd:မဏ္ဏာဏ္လ)
 

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...