Monday, February 7, 2022

Miner ဆိုတာ?

Bitcoin miner ဆိုတာ  တွက်ချက်သူပဲ ဖြစ်ပါတယ်။ သူ အဖြေမှန် အောင် တွက်နိုင်ရင်ထိုငွေလွှဲပို့ခြင်းဖြစ်စဉ် ပြီးမြောက် ပါ တယ်။ ဒီလို အဖြေမှန် အောင် တွက်ချက် ပေးနိုင်ဖို့ အတွက် ကွန်ပျူတာ ရဲ့ တွက်ချက်တဲ့ အစိတ် အပိုင်းတွေကို အဓိက လုပ်ပေးတဲ့ Graphic card တွေကို အသုံးပြုရပါ တယ်။ ထို Graphic card တွေဟာ တွက်ချက်ခြင်း တွေကို ပြုလုပ်ရတာ မို့ စွမ်းအင်ကို သုံးစွဲရပါတယ်။
 
ထိုကဲ့သို့ သုံးစွဲရသော စွမ်းအင် စရိတ် ကွန်ပျူတာ စရိတ်တွေ အတွက် bitcoin စဖန်တီးစဉ်ကထဲကပင် ငွေလွှဲခြင်းများပါတဲ့ block တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်သူအတွက် ပေးရန် ဆုငွေစနစ်ကို blockchain programထဲတွင် ထည့်သွင်း ရေးခဲ့ပြီးဖြစ်ပါတယ်။ပုံမှန် အားဖြင့် 10 မိနစ်ကို 1 block ပြီးမြောက်ရပြီး ထို block တစ်ခုမှာ ငွေလွှဲခြင်းအကြိမ် 1800 လောက်ပါ၀င်တယ်။
 
ဆုငွေအနေနဲ့ 1block ကို 50 Bitcoin စပေးခဲ့ရာမှ 4 နှစ် တစ်ခါ တစ်၀က် လျှော့ စနစ်ဖြစ်လို့ ယခုအခါ 12.5 bitcoin ရရှိပါမယ်။
ထိုကဲ့သို့ တွက်ချက်သူ နည်းနေစဉ်မှာတော့ code တစ်ခုကို တစ် ယောက်ခြင်း ဖြေရှင်းရသောကြောင့် လွယ်ကူနေသော်လည်း တွက်ချက် သူများလာသောအခါ code တစ်ခုကို လူ10 ယောက် ဝိုင်းတွက် သလို ဖြစ်လာပါတယ်။
 
ထိုအခါအဖြေကို အရင် ဦးအောင်ရဖို့ ဒီထက် စွမ်းအင်ကောင်း တဲ့ ကွန်ပျူတာ တွေ သုံးစွဲလာရပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ ပါဝါ ပိုကြီး သူသာ ပိုရသလိုဖြစ်လာတဲ့ အတွက် လူတိုင်း မလုပ်နိုင် သလိုဖြစ် လာ ပါတယ်။
 
ပါဝါ ပိုကြီးသူတွေသာ ရတဲ့ mining ကို solo mining လို့ ခေါ် ပါတယ်။
ယနေ့မှာတော့ လူတိုင်းလည်း ပါ၀င်နိုင်အောင် ဘုံ mining server တစ်ခုဆီသို့ ကွန်ပျူတာ တစ်ခုခြင်းဆီမှပါဝါများလွှဲပြောင်း ပေးရုံနဲ့ တူးဖော်လို့ရတဲ့ pool mining စနစ်ကို လုပ်ဆောင်နေ ကြပါတယ်။
ရရှိလာသော ဆုများကိုတော့ % များဖြင့် ခွဲဝေယူကြပါတယ်။

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...