သင့်ဘဏ်အကောင့်ထဲက ပိုက်ဆံကိုစဉ်းစားကြည့်ပါ။ တစ်ကယ်တော့ လယ်ဂျာထဲ၊ Database ထဲက ဂဏန်းတွေမျှသာဖြစ်ပါတယ်။ ငွေကြေး အနေနဲ့ ပြောင်းလဲလို့တော့ ရတာပေါ့။ ဒီ database ထဲက တစ်ခုခုကို ပြောင်းချင်ရင် အခြေအနေတစ်ခုခုနဲ့ကိုက်ညီရပါတယ်။ ဥပမာ ထပ်တိုး ချင်တယ် ဆိုရင် သင်က ဘဏ်ကို ငွေသွင်းလိုက်ရမှာပေါ့။ ငွေကြေးဆိုတာ ဒီသဘောတရားပါပဲ။ Cryptocurrency ကလည်း ဒီသဘောတရားကို လိုက်နာပါတယ်။ ဆာဗာဆိုတာမရှိတဲ့အတွက် database တော့ရှိမှာမဟုတ်ပါဘူး။ ဒီအစား blockchain တွေဖန်တီးပြီး transaction တွေကို သိမ်းဆည်းပါတယ်။ အခြေခံအားဖြင့်တော့ ဒီစနစ်ထဲမှာ အဓိကလုပ်နေတာက peers တွေပါ။ peers ဆိုတာ ကွန်ပျူတာတွေပါပဲ။ peer တွေက transaction တွေအားလုံးရဲ့ မှတ်တမ်းတွေ၊ အကောင့်အားလုံးရဲ့ လက်ကျန်ငွေပမာဏတွေကို သိမ်းထားပေးပါတယ်။
Transaction တစ်ခုဟာ အချက်အလက်အချို့ပါတဲ့ ဖိုင်တစ်ခုပါပဲ။ ဥပမာ
“ဦးတင်ထွန်းက ဒေါ်အေးဝင်းကို Bitcoin ၅ ခုပေးလိုက်တယ်”
ဆိုတဲ့အချက်အလက်ပါမယ်။ ဦးတင်ထွန်းရဲ့ ကိုယ်ပိုင် လုံခြုံရေးသင်္ကေတ
(private key) ပါမယ်။ အဲဒီသင်္ကေတာနဲ့ ဒီဂျစ်တယ်နည်းအရ
လက်မှတ်ထိုးပေးလိုက်မယ်။ (digitally signed) လက်မှတ်ထိုး ပေးလိုက်ပြီ ဆိုရင်
ဒီ transaction file ဟာ network ထဲမှာရှိတဲ့ peer computer တွေအားလုံးကို
ပြန့်နှံ့သွားမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ transaction ကို peers
တွေအားလုံးမှာ သိမ်းထားလိုက်ပါတယ်။ transaction တစ်ခုဟာ confirmed
ဖြစ်ပြီးပြီဆိုရင် ပြန်ပြင်လို့ မရတော့ ပါဘူး။ transaction ကို blockchain
ထဲမှာ အသေထည့် ထားလိုက် ပါတော့တယ်။
Blockchain မှာ miner တွေရဲ့အလုပ်က အရေးပါလာပြန်ပါတယ်။ miners ဆိုတာ
ခုနကဆိုခဲ့တဲ့ network ထဲက peer computer တွေရဲ့ ပိုင်ရှင် တွေပါပဲ။
သူတို့ဟာ ကိုယ်ပိုင်ကွန်ပျူတာများကို peer အဖြစ် ပေးသုံး ထားရပါတယ်။
Transaction တွေကို စစ်ပြီး confirmed လုပ်ပေး ရပါတယ်။ transaction တစ်ခုကို
Miner တစ်ယောက်က confirmed လုပ်ပြီးတာနဲ့ အခြား peer တွေကလည်း အဲဒီ
transaction ကိုမိမိတို့ စက်ထဲမှာ သိမ်းထားလိုက်ပါတယ်။ ဒီအတွက် Miner တွေက
Bitcoin ခံစားခွင့်ရှိပါတယ်။ ဒီနေရာမှာစကားစပ်လို့ ပြောရရင် ၂၀၁၇ ဇူလိုင်လ
၁၅ရက် ပေါက်ဈေးအရ bitcoin တစ်ခုကို အမေရိကန်ဒေါ်လာ ၂၁၀၀ခန့် ပေါက်ပါတယ်။
ဒါဖြင့် အချို့တွေက peer တွေဖြစ်အောင် ကွန်ပျူတာအများကြီးနဲ့ transaction
အတုတွေလုပ်လာနိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့ Satoshi ကစီမံထားပါသေးတယ်။
Miner တွေအနေနဲ့ cryptographic puzzle တွေကို ဖြေရှင်း ပြရတာဖြစ်ပါတယ်။ SHA 256 Hash algorithm ကိုအခြေခံပြီး ထုတ် ထားတဲ့ ဒီ puzzle တွေကို ဖြေရှင်းပေးရပါတယ်။ ဖြေရှင်းလို့ ရသွားရင်တော့ အဲဒီ miner အတွက် block တစ်ခု ရပါတယ်။ အဲဒီ block ထဲမှာ transaction တွေထည့်ပြီး blockchain ထဲကိုသွားထည့်လို့ ရသွားပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ အတွက် miner အနေနဲ့ Bitcoins အချို့ရရှိမှာ ဖြစ်ပါတယ်။
Miner တွေကသာ bitcoin တွေ ဖန်တီးနိုင်တာပါ။ ဗဟိုဘဏ်က ငွေကြေး ရိုက်နှိပ်
ထုတ်ဝေသလိုမျိုး ဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ bitcoin တွေ အများကြီး
မထုတ်ဝေနိုင်အောင် ထိန်းချုပ်ထားပါတယ်။ ကွန်ပျူတာတွေ
စွမ်းအားထက်လာတာနဲ့အမျှ puzzle တွေကလည်း ပိုခက်လာပါတယ်။ ၂၀၁၀ ခုနှစ်တုန်းက
တစ်နာရီကို bitcoin တစ်ခုလောက် ဖန်တီးနိုင်ပေမဲ့ ၂၀၁၄ မှာတော့ bitcoin
တစ်ခုထွက်ဖို့ရာ အချိန် ၂၅ ရက်လောက် အသုံးပြု ရပါတယ်။ ( Crd:BH Myanmar)
No comments:
Post a Comment