Monday, February 7, 2022

Cryptocurrency ဆိုတာ ဘာလဲ?

 Cryptocurrency ဆိုတာ medium exchange (ကြားခံလဲလှယ်နိုင်တဲ့) digital-asset (ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခု) ပဲဖြစ်ပါတယ်။

Digital currency ရဲ့ အဓိက အားသာချက်ကတော...
- လုံခြုံစိတ်ချရတဲ့ ငွေလွှဲပြောင်းခြင်းတွေကို ပြုလုပ်လို့ရတယ်
- စာရင်း လိမ်လည်လို့မရတဲ့ ငွေစာရင်း မှတ်တမ်းရှိတယ်
- ထို စာရင်းကို ကြားလူတစ်ယောက်က ၀င်ရောက် ဖျက်ဆီးလို့မရဘူး၊
အတု လုပ်လို့မရဘူး။
- ကမ္ဘာအနှံ့သို့ အချိန်တိုအတွင်း အချိန်မရွေး လွှဲပြောင်းနိုင်တယ်။
Crypto ဆိုသည်မှာ လျှို့ဝှက် သော စစ်သုံး စကားဝှက်မှဆင်းသက် လာတယ်။
ယခင် စစ်သုံး လျှို့ဝှက် သတင်းပို့ သော နည်းစနစ်ကို တိုးမြှင့်တီထွင်ရာမှ
Digital code များကို ငွေကြေးကဲ့သို့ သတ်မှတ်လွှဲပြောင်းနိုင်တာကြောင့်
Crypto + currency ဟုခေါ်ဆိုရခြင်းဖြစ်ပါတယ်။
 
2008 ခုနှစ်ခန့်မှာ Satoshi Nakamoto ဆိုတဲ့ ကွန်ပြူတာပညာရှင် တစ် ယောက်ဟာ Bitcoin ဆိုတဲ့ internet သုံး ကြားခံ ငွေကြေးတစ်ခု အ ကြောင်း စာတမ်းတစ်ခု ကို အနာဂါတ် ငွေကြေး၀န်ဆောင်မှု အဖြစ် အင်တာနက်ပေါ်မှာ စတင် တင်ပြခဲ့ တယ် ။ ထို စာတမ်းကို Bitcoin Whitepaper လို့ ခေါ်ပါတယ်။
Bitcoin ရဲ့ အနာဂါတ် ရည်မှန်းချက် ၊ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ထို Bitcoin ကို ရေးသားထားတဲ့ code တွေကို အများပြည်သူလေ့လာနိုင်ဖို့ မိတ်ဆက် ခဲ့ပါတယ်။

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...