Tuesday, February 22, 2022

Bitcoin ကို ပထမဆုံး တရားဝင် ငွေကြေးအဖြစ် သတ်မှတ်ထားတဲ့ အယ်လ်ဆာဗေဒိုနိုင်ငံ

 

 image

 အယ်လ်ဆာဗေဒိုဟာ လက်ရှိမှာ Bitcoin ပေါင်း ၁၅၀၀ ကျော် ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်နေပြီး ဒီနှစ်ထဲမှာ Bitcoin City စီမံကိန်းအတွက် ဒေါ်လာ ၁ ဘီလျံတန် ၁၀ နှစ်စာ Bitcoin Bond ငွေတိုက် စာချုပ် တစ်ခုလည်း ထုတ်ဖို့ ပြင်နေတယ်လို့ CoinDesk က ဖော်ပြပါတယ်။ ပြီးခဲ့ တဲ့နှစ် စက်တင်ဘာလဆန်းပိုင်းကစပြီး အယ်လ်ဘာဗေဒိုဟာ ဒီဂျစ်တယ် ငွေကြေးတစ်မျိုးဖြစ်တဲ့ Bitcoin ကို အမေရိကန် ဒေါ်လာနဲ့ အတူ တရားဝင်ငွေကြေးအဖြစ် လက်ခံကြောင်း ကြေညာခဲ့တာပါ။ ကမ္ဘာ ပေါ်မှာ Cryptocurrency ကို နိုင်ငံ့တရားဝင်ငွေကြေးအဖြစ် ပထမဆုံး လက်ခံခဲ့တဲ့ နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

 တရားဝင်ငွေကြေးအဖြစ် Bitcoin ကို သတ်မှတ်ကြောင်း မကြေညာခင် တစ်ရက်မှာ အယ်လ်ဆာဗေဒိုအစိုးရအဖွဲ့ဟာ Bitcoin ၄၀၀ ကို ဒေါ်လာ သန်း ၂၀ ကျော် ပေးပြီး ဝယ်ယူခဲ့ပါတယ်။ Coin Marketcap အရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ Bitcoin ဈေး ဒေါ်လာ ၆၆၀၀၀ ကျော် အထိ အမြင့်ဆုံးရောက်ခဲ့ပေမယ့် လက်ရှိမှာ ဒေါ်လာ ၃၆၀၀၀ ဝန်းကျင် ဈေး အထိ ကျဆင်းနေတယ်လို့ ဆိုပါတယ်။

အယ်လ်ဆာဗေဒိုအနေနဲ့ Bitcoin ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ် တာအပြင် မီးတောင်စွမ်းအင်နဲ့ Bitcoin City တည်ဆောက်ခြင်း ၊ Bitcoin ATMs များ ထားရှိခြင်း ၊ နိုင်ငံသားများ Bitcoin ဝယ်ယူ လဲလှယ် ရောင်းဝယ်နိုင်ဖို့ Chivo ဆိုတဲ့ Bitcoin Wallet ဖန်တီးခြင်း ၊ Bitcoin Bond တွေ ထုတ်ခြင်းအားဖြင့် Bitcoin ငွေကြေးစနစ်ကို ဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်နေပါတယ်။ 

တစ်ဖက်မှာလည်း နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF က အယ်လ်ဆာဗေဒို အနေနဲ့ Cryptocurrency ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်တာဟာ နိုင်ငံ့စီးပွားရေးအတွက် ကြီးမားတဲ့ အန္တရာယ် တွေကို ဖြစ်ပေါ်စေမယ်လို့ သတိပေးထားပါတယ်။ အိန္ဒိယနဲ့ ရုရှားတို့ဟာ Cryptocurrency သုံးစွဲခြင်း ၊ Mining ထုတ်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပိတ်ပင်ဖို့ အဆိုပြုချက်တွေ လုပ်နေပါတယ်။ (Crd:Duwun)

 

 


No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...