Monday, February 7, 2022

Blockchain ( Q & A )

 ဦးမင်းမြတ်စိုး : Blockchain အနေနဲ့ ဆက်ပြောမယ်ဆိုရင် ကျွန်တော်တို့ Blockchain ကို ဘာကြောင့်သုံးနေကြသလဲလို့မေးရင် Blockchain ဆိုတဲ့ သဘောတရားက Public Ledger ကနေ စတာပဲ။ Transaction တစ်ခါဖြစ်တိုင်း Transaction တွေ အကုန်လုံးကိုစုပြီး Block တစ်ခုတည်းမှာ ထည့်တယ်။ 

အဲဒီ Block ကို ကျွန်တော်တို့က သူ့ရဲ့ Integrity ကို စစ်ဖို့၊ Verification လုပ်ဖို့ Code တစ်ခုကို Generate လုပ်တယ်။ အဲဒီ Code ကိုကြည့်လိုက်ခြင်းအားဖြင့် Block ထဲမှာရှိတဲ့ Record တွေ ပြောင်းလဲခြင်းရှိလား မရှိလားကို ကျွန်တော်တို့က ကြည့်လို့ရတယ်၊ စစ်လို့ရတယ်။ ကျွန်တော်တို့တစ်ယောက်တည်း စစ်လို့ရတာမဟုတ်ဘူး။ Blockchain ရဲ့ အားသာချက်တစ်ခု က Decentralize ဖြစ်တယ်။ 

Blockchain ကို တစ်နေရာတည်းမှာ ထိုင်ထားတာမဟုတ်ဘူး။ Computer လေးလုံးရှိရင် လေးလုံးစလုံးမှာ Blockchain ရှိတယ်။ Bitcoin Transaction လို့ပြောရင် Bitcoin နဲ့ပတ်သက်တဲ့ Transaction တွေ စပေါ်ကတည်းက ခုထက်ထိရှိတဲ့ Transaction တွေအကုန်လုံးကို ကျွန်တော်တို့ရဲ့ Computer ထဲမှာ ထည့်သိမ်းထားလို့ရတယ်။ ကျွန်တော် သိမ်းလို့ရသလို ကျန်တဲ့သူတွေလည်း အကုန်သိမ်းလို့ရတယ်။ ဒါအပြင် ဘယ် Address က ဘယ်တုန်းက ဘယ်သူ့ကို ဘယ်လောက် ပေးခဲ့လဲဆိုတဲ့ Record ကလည်း ပြန်စစ်လို့ရတယ်။

ပြီးတော့သူက Temper Resistance ဖြစ်တယ်။ Temper Resistance ဖြစ်တယ်ဆိုတာက အထဲမှာပြင်လို့ မရဘူး။ ပြင်လိုက်တာနဲ့ အောက်က Hash လုပ်ထားတဲ့ Key လေးက လွဲသွားပြီ။ လွဲသွားတာနဲ့အဲဒီမှာ တစ်ခုခုမှားယွင်းသွားပြီဆိုတာ ပေါ်လွင်သွားပြီ။ အဲဒါကို တခြား ဘယ်နေရာမှာ အသုံးချသလဲဆိုတော့ Public ဖြစ်တဲ့ Record တွေကို သိမ်းချင်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က ပြောင်းလိုက် တာကိုလည်း မဖြစ်စေချင်ဘူး။ ပြောင်းလိုက်ရင်လည်း ချက်ချင်း သိနေရမယ် ဆိုတဲ့ နေရာတွေမှာ အသုံးပြုနိုင်တယ်။

နောက်တစ်ခုက Decentralize ဖြစ်တယ်။ ပုံမှန်အားဖြင့် Database ကို Server တစ်လုံးတည်းမှာ သိမ်းထားရင် ဒီ Server တစ် ခုခုဖြစ်သွားတဲ့အခါ Data တွေအကုန်လုံး ကုန်သွားမယ်။ Blockchain ရဲ့ သဘောတရားအရ Decentralize ဖြစ်တော့ စက်တွေက တစ်ကမ္ဘာလုံးမှာ အများကြီးရှိတယ်။ နောက်တစ်ယောက်က စက်တစ်လုံးထောင်ပြီးတော့ အဲဒီ Data တွေကို ကူးလိုက်လည်း ရသွားတယ်။ အဲဒီတော့ Data တွေကလည်းပျက်ဖို့ တော်တော်ခဲယဥ်းတယ်။

ဦးမင်းဝင့်ဦး : Distributed ဆိုတာကို နည်းနည်းလေးထပ်ပြီး ရှင်းပြချင်တယ်။ ကိုယ့်နိုင်ငံနဲ့ပဲ ယှဉ်ပြီးပြောပါမယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘဏ်တွေအများကြီးပါ။ ဘဏ်တွေတော်တော်များများက အရင်တုန်းက သုံးခဲ့တဲ့ Technology က ဘာလဲဆိုရင် Distributed System လို့ ခေါ်တယ်။ Distributed System ဆိုတာက ကိုယ့်ဘဏ်တစ်ခုတည်းရဲ့ စာရင်းတွေကို၊ Database တွေကို တစ်နေရာတည်းကနေ မထိန်းချုပ် ထားဘူး။ 

အရင်တုန်းကဆိုရင် ဘဏ်ခွဲတစ်ခုမှာ သူ့ကိုယ်ပိုင် Network လေးနဲ့ ကိုယ်ပိုင် Server ၊ ကိုယ်ပိုင် Database လေးနဲ့ ကိုယ့်ဘဏ်ခွဲရဲ့ Customer တွေရဲ့ အချက်အလက်တွေကိုပဲ သိမ်းပြီး Process လုပ်တယ်။ အဲဒါက ခေတ်အရရော၊ Technology အရရော မကောင်းသွားတဲ့ အခါမှာ Centralized ဘက်ကို ရောက်လာတယ်။ Centralized ရဲ့သဘောက ကိုယ့်ဘဏ်၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် Database ၊ ကိုယ့် Customer၊ ကိုယ့်စာရင်းတွေ အကုန်လုံးကို တစ်နေရာတည်းမှာ စုထားတာ။ Centralized System ပါ။ ခုနောက်ပိုင်း Call Banking လို့ခေါ်တယ်။ 

ဒီ Centralized System ကို သုံးကြတဲ့အခါမှာ တစ်နေရာတည်းမှာ ရှိသမျှ Transaction တွေအကုန်လုံး၊ Data အကုန်လုံး၊ Debit/ Credit အကုန်လုံးကို တစ်နေရာတည်းမှာ စုထားလိုက်တယ်။ အဲဒီလိုပဲ Transaction အားလုံးရဲ့ General Ledger ၊ ကိုယ့်ရဲ့ GL ကို တစ်နေရာတည်းမှာ Process လုပ်ကြတယ်။ Process လုပ်တဲ့နေရာမှာ ဘာကောင်းသွားလဲဆိုတော့ တစ်နေရာတည်းမှာ Access လုပ်နိုင်တယ်၊ Connection အကုန်လုံးကို Real Time Transaction လုပ်နိုင်တယ်။ 

အားသာချက်တွေ အများကြီးပဲ။ သူ့မှာတစ်ချက်ဆိုးတာဘာလဲဆိုတော့ Processing Power တအားလိုတယ်။ တစ်နေရာတည်းမှာ ထိန်းချုပ် ရတယ်။ တစ်နိုင်ငံလုံးဟာကို ထိန်းချုပ်ရတယ်။ တချို့ဆိုရင် တခြား နိုင်ငံတွေ ထိပါ သွားလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Call Level မှာက Process လုပ်တဲ့အခါမှာ Power က တအားလိုတယ်။ 

Database ဆိုလည်း တအား Size ကြီးရတယ်။ Server ဆိုလည်း တအား Powerful ဖြစ်ရတယ်။ သူ့အတွက်ကို Data Center တစ်ခု သီးခြားတည်ဆောက်ထားရတယ်။ ဒီတစ်ခုဆောက်ပြီဆိုကတည်းကိုက Backup တွေထားရတယ်၊ Redundance ဖြစ်အောင်ထားရတယ်၊ HA ဖြစ်အောင်ထားရတယ်။ 

သဘောက တအားများလာတဲ့အခါမှာ သာမန် Size သေးတဲ့ ဘဏ်တစ်ခုရဲ့ Processing တောင် တအားကြီးတယ်ဆိုရင် လုပ်ငန်းတအားကြီးလာတဲ့၊ တအားအောင်မြင်လာတဲ့ ဘဏ်မျိုးဆိုရင် Processing Power က နည်းနည်းနောနော မဟုတ်ဘူး။ သုံးရတဲ့ Resource က သိပ်များသွားပြီ။ 

အဲဒီတော့ တဖြည်းဖြည်းနဲ့ Centralized ဖြစ်တဲ့ပြဿနာတွေကို မြင်လာတဲ့အခါမှာ ဒါကိုဘယ်လိုနည်းနဲ့ ပြန်ပြီးတော့လျှော့ ကြမလဲဆိုတဲ့အခါမှာ Decentralized ကို ပြန်သွားမယ်ဆိုပြီး ဖြစ်လာ တယ်။ အရင်တုန်းကတော့ System တစ်ခုလုံးကို Decentralized လုပ်တယ်။ အခုကျတော့ Blockchain ဆိုတဲ့နေရာမှာ ကျွန်တော်တို့က Ledger ကိုပဲ Distributed Ledger အနေနဲ့ အကုန်လုံးမှာ Decentralized လုပ်မယ်။ 

Node တွေ အများကြီးခွဲလိုက်မယ်။ တစ်ခုတည်းမှာ Invest လုပ်တာမဟုတ်တော့ဘဲနဲ့ Investment ကအစ အကုန် Share လုပ်ထားတဲ့ပုံစံဖြစ်သွားတယ်။ အလုပ်ကို အားလုံးခွဲပြီး ယူလိုက်တဲ့ အတွက် Power သုံးတာ၊ Resource သုံးတာ အကုန်လုံး လျော့ကျ သွားတယ်။ 

ဒါက Trend လို့ မြင်လာကြပြီ။ အခုရှိသမျှ အဖွဲ့အစည်း တော်တော် များများက ဒီလိုမျိုး Centralized System နဲ့ ဒုက္ခရောက်နေတဲ့ အဖွဲ့အစည်းတွေ၊ Invest တွေ တအားများတဲ့သူတွေ လျှော့ချဖို့ ကျန်တဲ့သူအားလုံးက Decentralized ဘက်ကို သွားမယ်၊ Distributed Ledger ဘက်ကိုသွားမယ်ဆိုပြီး ဖြစ်လာတယ်။ 

အခုချိန်မှာ အကောင်းဆုံးနည်းပညာက Blockchain ဖြစ်လာတယ်။ ဒါကြောင့် Blockchain ကို အစိုးရတွေ ကိုယ်တိုင်၊ Central Bank တွေကိုယ်တိုင် အားပေးတယ်ဆိုတာ အဲဒီဘက်ကိုသွားနေလို့ပါ။

ဦးကောင်းစစ် : ကျွန်တော်တွေ့ဖူးသလောက်ကတော့ Centralization လုပ်တဲ့အခါမှာ Cost ကများလာပြီး Scalability က Limit ဖြစ်လာပါတယ်။ ဘာတွေ့လာသလဲဆိုတော့ Blockchain က ဘဏ်တစ်ခုချင်းစီ Centralize လုပ်တယ်ဆိုတာထက် အချင်းချင်း Clearance တို့၊ Swift တို့လို တစ်ကမ္ဘာလုံးလှည့်ပြီး ပေးရတဲ့အခါမှာ သုံးလို့ရလားဆိုတဲ့ မေးခွန်းလေးတွေ စလာတာတွေ့ရပါတယ်။ စလာတဲ့ အခါမှာ စင်ကာပူအစိုးရကိုယ်တိုင် Research လုပ်နေတာတွေရှိပါတယ်။

 အထဲမှာ ဘဏ်အချင်းချင်းလည်း လှည့်ပြီးသုံးဖို့ ကမ္ဘာမှာလည်း လှည့်ပြီးသုံးလို့ရဖို့ Start Up တွေလည်း ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော့် အမြင်ကတော့ ဒီ Technology က ဖြစ်နိုင်ခြေရှိတဲ့ Technology မျိုးဖြစ် ပါတယ်။ 

အလွန်အဆင်ပြေမယ့် Technology မျိုးဖြစ်ပါတယ်။ အရင်ကလည်း Public Transport System မျိုးမှာ Database Synchronization မှားရင် လူတွေ ထောင်ပေါင်းသောင်းပေါင်းများစွာ ဘဏ်ကတ်တွေ အလုပ်မလုပ်တော့တာတွေ တွေ့ရပါတယ်။ 

ဒီလိုအခါမျိုးမှာ Blockchain ကိုသုံးလိုက်ရင် အဲဒီပြဿနာမျိုး ရှင်းသွားတဲ့ အပြင် Incentivization က ပါပြီးသားဖြစ်လို့ ဘယ်သူက ဘယ်လောက် ရသင့်တယ်ဆိုတာကို တွက်နေစရာ မလိုပါဘူး။ ခေါင်းလည်း ရှင်းတယ်၊ ငွေလည်းသက်သာတယ်၊ လူတွေအတွက်လည်း အကျိုး ရှိတဲ့အတွက် အစိုးရအနေနဲ့လည်း အားပေးဖို့လိုပါတယ်။

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...