Monday, February 7, 2022

Bitcoin ကို လက်ခံနေကြတဲ့ အတိုင်းအတာ ?

 (Bitcoin စတင်ပေါ်ပေါက်လာပုံနဲ့ လက်ရှိနိုင်ငံတကာမှာ Bitcoin ကို လက်ခံနေကြတဲ့ အတိုင်းအတာ အနေအထား)

ဦးမင်းမြတ်စိုး :၂၀၀၈ ခုနှစ်လောက်တုန်းက Satoshi Nakamoto ဆိုတဲ့ သူတစ်ယောက်က Bitcoin နဲ့ ပတ်သက်တဲ့ စာတမ်းတစ်ခုကို ဖိုရမ်မှာ တင်လိုက်တယ်။ အဲဒီစာတမ်းကို အခြေခံပြီးတော့ Bitcoin ကို လူတွေသိလာတယ်။ ၂၀၀၉ ခုနှစ်မှာ Bitcoin Code ကို Create လုပ်ပြီး တော့ Website တစ်ခုပေါ် တင်ပေးလိုက်ပြီး Bitcoin Call Code နဲ့ Bitcoin ကို Run တဲ့ အခြေအနေကို စရောက်လာတယ်။ ပထမ အခြေအနေ မှာတော့ လူတွေအများကြီး Bitcoin ကို မသုံးသေးဘူး။

Bitcoin ကို Create လုပ်တဲ့ အချိန်မှာ Bitcoin အသစ်တွေ ဘယ်လိုနည်းနဲ့ ထွက်လာသလဲဆိုတာ ပြန်ကြည့်ရင် Bitcoin က Mine လုပ်ပြီးတော့မှ Coin တွေက အသစ်ထွက်လာတယ်။

Mine လုပ်တယ်ဆိုတာက Bitcoin Transaction Block တစ်ခုအတွက်ကို Mathematics နဲ့ပတ်သက်တဲ့ Puzzle တစ်ခုကို Solve လုပ်ပေးရတဲ့ အလုပ်တစ်ခုဖြစ်တယ်။ အဲဒါလုပ်ပေးတဲ့အတွက် သူ့ကို Reward ပေးတဲ့အနေနဲ့ Bitcoin System ကြီးကနေ ပထမဦးဆုံးအကြိမ်မှာ Bitcoin ၅ဝ ချပေးတယ်။ 

အဲဒါတွေက အသစ်ထုတ်ပေးတဲ့ Bitcoin အသစ်တွေဖြစ်တယ်။ Coin ၅ဝ က လေးနှစ်တစ်ကြိမ်လောက်မှာ အကြမ်းဖျင်းအားဖြင့် တစ်ဝက်လျော့ သွားတယ်။ ဒုတိယ လေးနှစ်မှာ ဆိုရင် ဒီ System ကြီးက Mine လုပ်လို့ရှိရင် တစ် Block ပြီးတိုင်း Coin ၂၅ ခု ထုတ်ပေးတယ်။ 

နောက်လေးနှစ်ထပ်ကြာရင် Bitcoin Block တစ်ခုကို Solve လုပ်တိုင်း ၁၂.၅ Bitcoin ထုတ်ပေးပါတယ်။ အဲဒီလိုနဲ့ ထုတ်ပေးရင်း ထုတ်ပေးရင်းနဲ့ တစ်ချိန်ချိန်မှာ တစ်ဝက်တစ်ဝက်နဲ့ နောက်ဆုံးမှာ Bitcoin က လုံးဝမထွက်တော့တဲ့ အခြေအနေအထိ ရောက်သွားပါလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ စုစုပေါင်း Total Bitcoin အရေအတွက်က 21 Million အပြင်မှာရောက်နေပြီ ဖြစ်မှာပါ။ အဲဒီတော့ Bitcoin ရဲ့ Amount က ပြောမယ်ဆိုရင် Finite Amount ဖြစ်တယ်။ အဲဒီ Finite Amount ဘယ်လို ထွက်လာသလဲဆိုရင် Mine လုပ်ရင်းနဲ့ပဲ ထွက်လာတယ်။

Bitcoin ကို ဘာလုပ်လို့ရသလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက် Transfer လုပ်လို့ရတယ်။ လူတစ်ဦးချင်းစီအလိုက် Transfer လုပ်လို့ရသလို ကိုယ်လိုချင်တဲ့ Service ကို ဝယ်တဲ့အချိန်မျိုးမှာလည်း သုံးလို့ရတယ်။ 

Bitcoin ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ တခြားကျန်တော်တို့ သုံးနေတဲ့ Currency တွေနဲ့ မတူတဲ့အချက်က သူ့မှာ Authority Body မရှိဘူး။ Bitcoin ရဲ့ Nature အရ Coin တွေကို ဘယ်သူမှ Control မလုပ်ထားဘူး။ Bitcoin အသစ်ထွက်တာကလည်း သူ့ရဲ့ Formula အတိုင်း System ကနေ စနစ်တကျ ထွက်လာတယ်။ သုံးတဲ့အချိန်မှာလည်း သုံးတာတွေကို ဘယ်သူမှ ကန့်သတ်ထားခြင်းမရှိဘူး။ Bitcoin ကို အဲဒီလိုမျိုး သုံးလို့ရပါတယ်။

ဦးမင်းဝင့်ဦး : ကျွန်တော်တို့ အခုလက်ရှိအနေအထား အရမြင်တာက Bitcoin ဆိုတာက Digital Currency တစ်ခုပဲ။ Digital Currency ဆိုကတည်းကိုက အပြင်မှာရှိတဲ့ ဒေါ်လာတို့လို၊ မြန်မာကျပ်ငွေတို့လိုပဲ Currency အနေနဲ့ အလုပ်လုပ်တယ်။ ဒါပေမဲ့ Digital Currency ဆိုတဲ့ နေရာမှာ အစိုးရအဖွဲ့အစည်းတစ်ခု၊ ငွေကြေးအဖွဲ့အစည်းတစ်ခုကနေ ချုပ်ကိုင်ထားတာမျိုးမရှိဘဲနဲ့ Currency တစ်ခုအနေနဲ့ သီးခြားရပ်တည်နေတဲ့ပုံစံမျိုးပါ။ 

ကျွန်တော်တို့ နားလည်သလို Digital Currency လို့ပြောတာ။ သူ့ Term ကတော့ Cryptocurrency ပါ။ Cryptocurrency ဆိုတဲ့ ထုံးစံကလည်း Distributed Ledger ပုံစံမျိုး Block Chains ပေါ် မှာ အခြေခံလာတဲ့ Cryptocurrency ဖြစ်နေတယ်။ 

Cryptocurrency လို့ ပြောလိုက်ပြီဆိုကတည်းက ငွေရေးကြေးရေးကို Manage လုပ်တဲ့ပုံစံ၊ ကျွန်တော်တို့ ဒီအပေါ်မှာ ရောင်းဝယ်ဖောက်ကားလုပ်တဲ့အခါမှာ Digital Currency က နည်းနည်းလေး အသစ်အဆန်းဖြစ်နေတဲ့အခါမှာ သိပ်နားမလည်တဲ့အခါကျ အခက်အခဲတွေ အများကြီးရှိတယ်။

ဦးကောင်းစစ် : Bitcoin ကတော့ System တစ်ခုလုံးမှာ Finite Amount ရှိပါတယ်။ ဆိုလိုတာက Natural Resource တွေလိုမျိုးဆို တစ်ကမ္ဘာလုံးမှာ ဘယ်နှစ်တန်ရှိမယ်ဆိုပြီး ရှိပါတယ်။ Bitcoin ကလည်း ထိုနည်းတူပဲ တင်စားပြီးတော့ ဒီလိုထုတ်တဲ့လူကို Mining လုပ်လိုက်တယ်လို့ ဆိုကြတာဖြစ်ပါတယ်။ 

သူ့နောက်ကွယ်မှာ အသုံးပြုတာက Distributed Ledger System ဖြစ်ပါတယ်။ အရင်တုန်းက ဘဏ်၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေမှာ Ledger တစ်ခုချင်းစီ ကိုယ့်ဘာသာ Maintain လုပ်တာရှိပါတယ်။ အခု System မှာက ဒါတွေအကုန်လုံးကို တစ်ကမ္ဘာလုံးကို ဖြန့်ပြီးမှ Maintain လုပ်တာဖြစ်ပါတယ်။

Trust ကလည်း ဘယ်သူ့ကိုမှ ယုံကြည်စရာမလိုဘဲ System ကပဲ သူ့ဘာသာ Check and Balance နဲ့ သူ့ဘာသာတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီ Maintain လုပ်တဲ့သူတွေအတွက် Resource သုံးရတာတွေ ရှိပါတယ်။ ဥပမာ- ကွန်ပျူတာ၊ Electricity သုံးရပါတယ်။ 

အဲဒီအတွက် System ကဘယ်လို Reward ပေးမလဲဆိုတော့ Bitcoin ပြန်ထုတ်ပေးလိုက်ပါတယ်။ ပြောရရင် ရှေတူးသလို Bitcoin ကို ထုတ်ပေးလိုက်ပါတယ်။ တကယ်က System Maintainance Fees ကို ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ နိုင်ငံအလိုက်သုံးစွဲနေတဲ့ ငွေကြေးစနစ်တွေရှိတယ်။ 

တချို့လူတွေကလည်း Digital Currency ဆိုပြီး ထွင်သုံးကြတာတွေ ရှိပါတယ်။ နောက်ပိုင်းကျတော့ အဲဒါတွေအတွက် Trustworthyness ကလည်း လျော့လာပါတယ်။ Central Authority တစ်ခုထားပြီး အဲဒါကိုပဲ  ယုံလိုက်မယ်ဆိုရင်လည်း မသမာမှုတွေလည်း  ဖြစ်လာနိုင်တဲ့အတွက် Distributed Ledger System ကို အခြေပြုထားတာဖြစ်ပါတယ်။ 

ဒါကို လူတစ်ဦးလို့ ယူဆရပေမယ့် အသင်းအဖွဲ့လည်းဖြစ်နိုင်တဲ့ Satoshi Nakamoto က Philosophical Paper ကို သချင်္ာနည်းနဲ့   ပြန်ရှင်းပြထားပါတယ်။ Central Authority တွေကို မယုံရရင် အကုန်လုံးကို Decentralize လုပ်မယ်။ Decentralize လုပ်ဖို့ကို Mathematically လည်း Propose လုပ်သလို၊ Computational Method တွေကိုလည်း ရှင်းပြတယ်။ 

ပြီးတော့ အဲဒါတွေကို ဘယ်လို Reward လုပ်မလဲ Check and Balance လုပ်မလဲဆိုတာတွေကို ရှင်းပြတဲ့ Paper တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကို တကယ်နားလည်တဲ့လူတွေက ပြန်ကြည့်ပြီး သဘောကျတယ်၊ Code ရေးမယ်၊ အဲဒီ System ကို ထုတ်မယ်ဆိုပြီး ထုတ်တာဖြစ်ပါတယ်။ ဒီ System က တစ်ယောက်တည်း ထုတ်လို့မရတဲ့ System ဖြစ်ပါတယ်။ အကုန်လုံးကစုပြီး ထုတ်ကြပြီးမှ ထွက်လာတဲ့ Decentralize ဖြစ်တဲ့ System ဖြစ်ပါတယ်။

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...