Monday, February 7, 2022

Bitcoin ဘယ်အချိန်မှာ ကိုယ်တိုင် စသုံးဖြစ်ခဲ့တာပါလဲ?

ဦးမင်းဝင့်ဦး : Bitcoin ဆိုတာကို စကြားဖူးပြီ၊ Bitcoin ဆိုတာ ဘာလဲဆိုပြီး စိတ်ဝင်စားပြီးလိုက်ရှာကြည့်တဲ့ အချိန် Bitcoin ကို ကိုယ်ကဘာများလုပ်လို့ရမလဲဆိုတဲ့အမြင်နဲ့ ကြည့်တာပါ။ စုချင်တာတွေ၊ တစ်ခုခု ရောင်းဝယ်ချင်တာတွေ စိတ်ကူးမရှိပါဘူး။ ဘာလဲဆိုတာ သိချင်တယ်၊ စမ်းကြည့်ချင်တယ်၊ သုံးကြည့်ချင်တယ်ဆိုတော့ ဒါကို ဘယ်ကနေယူလို့ရလဲဆိုပြီး လိုက်ရှာတယ်။ 

Wallet ဖွင့်ပြီးတဲ့အချိန်မှာ Bitcoin ကိုယ့်လက်ထဲရောက်လာဖို့အတွက်ကို အပြင်က Currency တစ်ခုသုံးပြီးဝယ်ရတယ်။ US Dollar ကို Exchange လုပ်ပြီးတော့ Bitcoin ကို နည်းနည်းစပြီးစမ်းဝယ်ကြည့်တယ်။ ရလာပြီဆိုတဲ့အချိန်မှာ ဘာလုပ်ရလဲဆိုတော့ ဒီဟာကို ဘယ်မှာပြန်သုံးရမလဲဆိုပြီး ရှာရတယ်။ အဲဒီအချိန်တုန်းက သုံးစရာနေရာကလည်း တော်တော်ရှားတယ်။ ဒါကိုပြန်အသုံးချပြီးတော့ Cash လျှောက်လုပ်ဖို့ကလည်း အဆင်မပြေဘူး။ 

အဲဒီလိုဖြစ်သွားတဲ့အခါမှာ ကျွန်တော်တို့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကအချိန်မှာ ကျွန်တော်တို့ စမ်းကြည့်တယ်။ ပြန်သုံးလို့ရတဲ့ Usage ကို  မတွေ့ရဘူး။ ကိုယ့်နိုင်ငံမှာလည်း လိုသေးတာတစ်ချက်၊ ဒါကိုပြန်ပြီးရောင်းစားလို့ရအောင်ကလည်း Amount က ဘယ်လောက်မှမရှိဆိုတော့ အဲဒီအတွက် ကိုယ့်အတွက် အသုံးမတည့်သလိုဖြစ်သွားတဲ့အခါမှာ ဒါကိုဖွင့်ထားပြီးတော့ Key ပျောက်ပြီးတော့ ပြန်ပြီးသုံးမရတဲ့ အခြေအနေဖြစ်သွားပါတယ်။

ဦးမင်းမြတ်စိုး: Bitcoin ကတော့ စသုံးတုန်းက နာမည်ကြားဖူးပြီးတော့ Wallet စဖွင့်တယ်။ အဲဒီအချိန်တုန်းက Wallet စဖွင့်တဲ့အချိန်မှာ ဘယ်လောက်ပေးလဲဆိုတော့ Wallet စဖွင့်လိုက်တာနဲ့ 0.5 Bitcoin Free ပေးတယ်။ 0.5 Bitcoin ဆိုတာ အခုခေတ်ပေါက်စျေးနဲ့ဆိုရင် Bitcoin တစ်ခုကို ဒေါ်လာ ရှစ်ထောင် လောက်တန်တယ်ဆိုရင် ဒေါ်လာလေးထောင်လောက်တန်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်း ကတော့ ဘယ်လောက်မှမရှိပါဘူး။ ၁၂ ဒေါ်လာတောင် မရှိဘူး။ အဲဒီအချိန်တုန်းက Bitcoin က သုံးစရာ နေရာလည်း မရှိဘူး။ အဲဒီလောက် တန်ဖိုးနည်းလို့လည်း အလကားပေးတာ ဖြစ်ရင်ဖြစ်မှာပါ။

 သုံးတဲ့နေရာလေးတွေက ဂိမ်းကစားတဲ့ နေရာလေးတွေ။ ဘယ်လိုကစားလဲဆိုတော့ အံစာတုံးလှိမ့်တယ်။ နိုင်လို့ရှိရင် နှစ်ဆရတယ်။ ရှုံးလို့ရှိရင် ပါသွားမယ်။ အဲဒါလေးကို ကစားရင်း ကစားရင်းနဲ့ ကုန်သွားတယ်။ နောက်ပိုင်းကျတော့ အဲဒီ Bitcoin ၁၈ ဒေါ်လာလောက် တန်တဲ့အချိန်မှာ Bitcoin တစ်ခုလောက် ဝယ်ကြည့် တယ်။ စင်ကာပူမှာ နောက်ဘယ်လိုဝယ်လို့ရသလဲဆိုတော့ Bitcoin ဝယ်တဲ့ ATM Machine ရှိတယ်။ ATM  စက်လေး သေးသေးလေးပဲ။ 

အဲဒီထဲမှာ Cash လေးထည့်လိုက်ရင် ကျွန်တော်တို့ဖုန်းမှာ QR Code လေးလားမသိဘူး။ ကျွန်တော်အတိအကျတော့ မမှတ်မိတော့ဘူး။ အဲဒီ QR Code လေးကို Scan ဖတ်လိုက်တာနဲ့ ကျွန်တော့်တို့ရဲ့ Wallet ထဲကို ဒေါ်လာ ၅၀ ထည့်ရင် ဒေါ် လာ ၅၀ Minus Transaction Fee နဲ့ Amount ရောက်လာတယ်။ ရောက်လာပြီဆိုရင် အဲဒီ Bitcoin နဲ့ ဆက်ပြီးတော့ သုံးလို့ရတယ်။ 

သုံးစရာတွေက နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ များလာတယ်။ အဓိကအားဖြင့် အင်တာနက်မှာ Domain ဝယ်တဲ့နေရာတွေ၊ Internet Service တွေ ဝယ်တဲ့နေရာတွေမှာသုံးတယ်။ Bitcoin ကို အဲဒီအချိန်မှာ အကြီးအကျယ်သုံးတာက Underground Market မှာ သုံးကြတယ်။ Underground Market ဆိုတာက တခြားတရားမဝင်တာတွေ အများကြီးရောင်းတဲ့နေရာပါ။

ဦးကောင်းစစ် : ကျွန်တော့်အနေနဲ့ Cryptocurrency နဲ့ Bitcoin အကြောင်းကြားဖူးတာက Hackathon တစ်ခုမှာ သူငယ်ချင်းတစ်ယောက်က Fully Decentralize ဖြစ်တဲ့ System တစ်ခုရှိတယ်လို့ ပြောပါတယ်။ Digital Currency ထုတ်တဲ့ကုမ္ပဏီတွေ ရှိပါတယ်။ သူတို့ကထုတ်တယ်၊ ထုတ်ပြီးသွားရင် အစိုးရပိတ်တာ ခံလိုက်ရတယ်။ တချို့တွေကလည်း ထုတ်ရောင်းပြီးတော့မှ သူတို့ပိုက်ဆံတွေ ပျောက်သွားတယ်။ 

ဘယ်သူ့ကိုယုံရမလဲဆိုတာ အဲဒီက စတာဖြစ်ပါတယ်။ အခုကတော့ ပြန်လေ့လာကြည့်ရသလောက် လုံးဝကို Decentralize ဖြစ်တဲ့ System ဖြစ်ပါတယ်။ ဘယ်သူက Backing ပေးလဲဆိုတော့ ဘယ်သူမှတော့ မပေးပေမယ့် ကိုယ့်ဘာသာတန်ဖိုးရှိနေတာကိုတော့ သဘောကျမိပါတယ်။

ကျန်တော်စပြီးကြားခဲ့ဖူးတာက Bitcoin တစ်ခုကို နှစ်ဒေါ်လာကနေ ကြားခဲ့ပါတယ်။ တကယ်စပြီး ဝယ်ဖို့စဥ်းစားတာက နိုင်ငံခြား Clients တွေဆီကနေဝယ်ဖို့ ပိုက်ဆံလှဲမယ်ဆိုရင် ဘဏ်တွေကနေ ကျန်တော်ရမယ့်ပိုက်ဆံရဲ့ ၈ ရာခိုင်နှုန်းလောက်ပါသွားပါတယ်။ ဒါပေမဲ့ Bitcoin ဝယ်ခိုင်းပြီး လှဲပြီးတဲ့အခါ Singapore Exchange မှာလဲလိုက်မယ်ဆိုရင် ကျန်တော့်အတွက် ငွေမပွန်းပါဘူး။ 

အဲဒီတုန်းက လှဲလိုက်တာကို မထုတ်ဘဲ သိမ်းထားလိုက်မယ်ဆိုရင် အခုကျန်တော်ချမ်းသာနေလောက်ပါပြီ။ ကျန်တော်စလုပ်တုန်းက Bitcoin တစ်ခုကို ဒေါ်လာနှစ်ရာနဲ့ လုပ်တာကြောင့် သိပ်မများသေးပါဘူး။ ကျန်တော်ဝယ်တဲ့သဘောကတော့ Idea ကို သဘောကျလို့ ဖြစ်ပါတယ်။

 

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...