Monday, February 7, 2022

Bitcoin Mining နဲ့ပတ်သက်လို့ အသေးစိတ်ပြောပြပေးပါ

 (Bitcoin Mining နဲ့ပတ်သက်လို့ အသေးစိတ်ပြောပြပေးပါ။ Mining လုပ်တဲ့ပုံစံ၊ Individual ကောလုပ်လို့ရလား၊ လုပ်ရင်ရရှိနိုင်တဲ့ Pros & Cons များ)

ဦးမင်းမြတ်စိုး : Mining လုပ်တယ်ဆိုတာက Mathematical Puzzle တစ်ခုကို ဖြေပေးရတယ်။ ဖြေပေးရတယ်ဆိုတာက Bitcoin မှာ Transaction တစ်ခါဖြစ်တိုင်း Ledger မှာ တစ်ခါရေးတယ်။ Ledger တွေ အကုန်လုံးကိုစုပြီးတော့ သူက Block တစ်ခုလုပ်တယ်။ ပြီးတော့ အဲဒီ Block ကို အတည်ပြုပေးရတယ်။ Verification လုပ်ပေးရတယ်။ Verification လုပ်ဖို့အတွက်ကို ကျွန်တော်တို့က Mathematical Puzzle တစ်ခုကို ဖြေပေးရတယ်။ 

အဲဒီလိုဖြေဖို့အတွက်ကို CPU တို့၊ GPU တို့ Computer တစ်ခုခုနဲ့ တွက်ပြီးတော့မှ ဖြေပေးရတယ်။ ဖြေပြီးလို့ Puzzle လေးရသွားပြီဆိုရင်၊ အဲဒီဂဏန်းလေးတစ်ခုရသွားပြီဆိုရင် ဂဏန်းကို Block မှာ ထည့်လိုက် ပြီးတော့ အဲဒီ Block က အတည်ဖြစ်သွားတယ်။ အဲဒီ Mathematical Puzzle ဖြေဖို့အတွက် များသောအားဖြင့် ကွန်ပျူတာကိုသုံးပြီးတော့ လုပ်တယ်။ အရင်တုန်းက စစချင်းတုန်းက CPU ကို သုံးပြီးလုပ်တယ်။ 

အဲဒါတွက်တာကို Specialize လုပ်ထားတဲ့ Hardware တွေ တဖြည်းဖြည်း ထုတ်လာတယ်။ စစချင်းတုန်းက CPU နဲ့ ကျွန်တော်တို့ Mine တယ်။ နောက်ပိုင်းတော Graphic Card တွေ၊ GPU တွေနဲ့ Mine တယ်။ GPU တွေက CPU တွေထက်စာရင် လေး၊ ငါး၊ ခြောက်ဆ လောက် အနည်းဆုံးမြန်တယ်။ Computer တစ်လုံးမှာ လေး ကတ်လောက် တပ်လို့ရတယ်ဆိုရင် လေးကတ်လောက် စိုက်ပြီးတော့ Mine တယ်။ 

နောက်ပိုင်းကျ ဘာတွေပေါ်လာလဲဆိုတော့ FPGA Chipset တွေ အခုနောက်ပိုင်း ASIC Chipset တွေ ပေါ်လာတော့ ASIC Device တွေနဲ့ သူတို့ Mine တယ်။ ASIC က Bitcoin Mathematical Puzzle တွေကို ဖြေရှင်းဖို့ Optimize လုပ်ထားလို့ရတယ်။ အဲဒီတော့ ကျွန်တော် တို့ တစ်ဦးချင်းစီအနေနဲ့က စက်နဲ့ Mine နေရင် ဒီခေတ်ကြီး ထဲမှာ မလွယ် တော့ဘူး။ Hashing Power က တအားမြင့်သွား ပြီ။ Mine တဲ့ လူတွေက တအားများလာပြီ။ များလာတော့ တစ်ဦးချင်းစီနဲ့ Mine လို့မလွယ်တော့ တချို့လူတွေက စက်တွေ အများကြီးဝယ်ထားပြီး Mine ကြတယ်။ 

အဲဒီအခါကျတော့ ဘာဖြစ်သလဲဆိုတော့ Mathematics Problem တစ်ခုကို Solve လုပ်လိုက်ရင် Reward များများရဖို့ ပိုဖြစ်လာတယ်။ ကျွန်တော်တို့ ပစ္စည်းသေးသေးလေးနဲ့ လုပ်နေတော့ Hedge Rate က တအားကြီးနှေးနေတယ်။ ကျွန်တော်တို့ Solve လုပ်နိုင်တဲ့ Rate က နှေးနေတယ်ဆိုရင် ကျွန်တော်ရမယ့် Reward က မရသလောက် ဖြစ် သွားမယ်။ 

အဲဒီအတွက် တစ်ယောက်ချင်းစီ Mine လုပ်မယ်ဆိုရင် စက်သေးသေး လေးတွေနဲ့ Mine နေမယ်ဆိုရင် ရေရှည်မှာ သိပ်မလွယ်ဘူး။ အဲဒါကြောင့်တချို့ Mining Firm တွေက ပစ္စည်းတွေအများကြီးဝယ်ပြီး Mine ကြတယ်။

No comments:

Post a Comment

ဒေါ်လာသန်း ၄၈၀ ဝန်းကျင်တန် Bitcoins ခိုးယူခံရ

  Ransomware ဂိုဏ်းဝင်တွေအပါအဝင် ဆိုက်ဘာပြစ်မှု ကျူးလွန်သူ တွေရဲ့ ငွေတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးတဲ့ Bitcoin exchange တည်ထောင်သူတစ်ဦးကို...